ရှန်ပိန်သောက်ခြင်းက မှတ်ဥာဏ်ကို ထာဝရ ထက်မြက်ကောင်းမွန်စေနိုင်



တစ်ပတ်ကို ရှန်ပိန်သုံးခွက်လောက် သောက်ခြင်းဟာ ဦးနှောက်ထိခိုက်မှုကြောင့် မှတ်ဥာဏ်ယုတ်လျော့၊စိတ်မူမမှန်တဲ့ dementia ရောဂါနဲ့ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ မှတ်ဥာဏ်ဆုံးရှုံးမှု အယ်လ်ဇိုင်းမား ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း သုတေသနတစ်ရပ်မှာ တွေ့ ရှိခဲ့ရပါတယ်။
ရှန်ပိန်ဝိုင်ဖောက်ရာမှာ အသုံးပြုတဲ့ Pinot noir နဲ့ Pinot meunier စပျစ်သီးမျိုးနွယ်တွေမှာ ပါရှိတဲ့ ဒြပ်ပေါင်း တစ်မျိုးက ဒီလို စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်တာဖြစ်တယ်လို့  ဆိုပါတယ်။ရီးဒင်းတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ ရှန်ပိန်ပုံမှန်သောက်လေ့ရှိတဲ့လူတွေဟာ မိမိပတ်ဝန်းကျင်ရဲ့ အချက်အလက်တွေကို မှတ်သားရာမှာ အဓိကကျတဲ့ spatial memory ပိုင်း ကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ ရှိခဲ့ တာဖြစ်ပါတယ်။
“ရှန်ပိုင်ကို အသင့်အတင့် ပမာဏသောက်သုံးပေးခြင်းက မှတ်ဥာဏ်စတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိကြောင်း ဒီလေ့လာမှုကနေ ပထမဆုံးအကြိမ် လေ့လာသိရှိရတာဖြစ်ပါတယ်” လို့  ရီးဒင်းတက္ကသိုလ်က ပါမောက္ခ Jeremy Spencer က ရှင်းပြပါတယ်။ ကင်ဆာနဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ပိုလီဖီနော် (polyphenol) ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဘလူးဘယ်ရီသီးတို့  ကိုကိုးသီးတို့ က ဦးနှောက်ပိုင်းဆိုင်ရာကို ကောင်းမွန်စေကြောင်း အောင်မြင်စွာစမ်းသပ်သိရှိပြီးဖြစ်ပါတယ်။
ဒီလိုပဲ ပိုလီဖီနော်ပါဝင်တဲ့ ရှန်ပိန်ကို အသင့်အတင့်သောက်သုံးခြင်းက လူသားတွေရဲ့အသိဥာဏ်၊မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာနိုင်မှာဖြစ်တယ်ဆိုတာ ခန့် မှန်း သိရှိထားပြီးဖြစ်တယ် လို့ ယခုလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ David Vauzour က ပြောပြပါတယ်။ရှန်ပိန်ကြိုက်သူတွေအတွက်တော့ သောက်ဖို့ အကြောင်းပြချက်ကောင်းကောင်း တစ်ခုရလိုက်တာပါ။ ကဲ ချီးယားစ်။  
Ref: yourtango 
Powered by Blogger.