“ခင်ပွန်းကြီး(၁၀)ပါးအားဝန်ချကန်တော့ရန် - (အကျဉ်း) (နေ့စဉ်ရွတ်သင့်သည်)


(၁)သဗ္ဗညု တ ဘုရားရှင်များတို့၏အပေါ်၌လည်းကောင်း၊

(၂)ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအပေါ်၌လည်းကောင်း၊

(၃)အဂ္ဂသာဝက အရှင်မြတ်များအပေါ်၌လည်းကောင်း၊

(၄)ရဟန္တာအရှင်မြတ်များတို့အပေါ်၌လည်ကောင်း၊

(၅)ပစ္စုပ္ပန်၌တော်စပ်သောမိခင်ကြီးနှင့်သံသရာ၌တော်စပ်
ခဲ့သောမိခင်များအပေါ်၌လည်းကောင်း၊

(၆)ပစ္စုပ္ပန်၌တော်စပ်သောဖခင်ကြီးနှင့်သံသရာ၌တော်စပ်
ခဲ့သောဖခင်များအပေါ်၌လည်းကောင်း၊

(၇)တရားအသိထူးရအောင်ဟောပြောပေးကြသော
လောကုတ္တရာ ဆရာသမားများအပေါ်၌လည်းကောင်း၊

(၈)သီလဝန္တသူတော်စင်(အလေးဂရုပြုထိုက်သူ)အပေါ်၌
လည်းကောင်း၊

(၉)လောကီပညာများကိုသင်ကြားပေးကြကုန်သော
ဆရာသမားများအပေါ်၌လည်းကောင်း၊

(၁၀)မိမိတို့အခက်အခဲရှိစဉ်ကစားဝတ်နေရေးစောင့်ရှောက်
ပေးဖူးကုန်ကြသောကျေးဇူးရှင်တို့အားလည်းကောင်း၊

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ဘုရားတပည့်တော်
သည်ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊သံသရာဘဝ၌၎င်း၊သိ၍ဖြစ်
စေ၊မသိ၍ဖြစ်စေ ကာယကံ၊ဝစီကံ၊မနောကံတို့တွင်တစ်ပါးပါး
သောကံတို့ဖြင့် ပြစ်မှား ၊ကျူးလွန်၊ကြံစည်ပြုလုပ်မိခြင်းကိုသိရှိ
နားလည်စွာဖြင့်ဝန်ခံပါ၏၊ဝန်ချပါ၏၊တောင်းပန်ပါ၏၊ကန်တော့
ပါ၏။…
ဤကုသိုလ်စေတနာကြောင့်ဆိုးကျိုးပေးဆဲ၊ဆိုးကျိုး
ပေးလတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တတို့သည်ပိန်ကြာ
ဖက်တွင်ရေမတင်လျှေကျဘိသကဲသို့ကင်းစင်လွင့်ပျောက်မထိ
ရောက်တော့ဘဲကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏
မြတ်စွာဘုရား။(၃-ကြိမ်)
ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍အားထုတ်ဆဲ၊အား
ထုတ်လတ္တံ့ဖြစ်သော ဒါန၊သီလ၊စေတနာကံနှင့်တကွ
ဝိပဿ နာဥာဏ်သည်မဂ်ဥာဏ်သို့ကျေးဇူးပြု၍နိဗ္ဗာန်ကိုမျက်
မှောက်ပြုရပါလို၏ မြတ်စွာဘုရား…

မှတ်ချက်-

လောကမှာဤမပြစ်မှားထိုက်တဲ့ခင်ပွန်းကြီး(၁၀)ပါးကိုပြစ်မှားမိပါက ဘေးအတန်တန်၊ရန်အသွယ်သွယ်ဖြစ်တတ်ပြီး
စီးပွားရေးပျက်ဆီးခြင်း၊တရားအားထုတ်ပေမယ့်တရားရခါ
နီးမှာအထိတ်တလန့်ဖြစ်၍ရင်တမောမောဖြစ်နေပြီးတရား
မရဘဲဖြစ်နေတတ်တယ်။မဂ်တား၊ဖိုလ်တား၊အန္တရယ်မှန်သ
မျှကင်းဝေးစေရန် စိတ်သန်၍နေ့စဉ်ရွတ်ဖတ်ခြင်းတရားအား
ထုတ်ခါနီးရွတ်ဖတ်ခြင်းကြောင့်တစ်ပါးသောပုဂ္ဂိုလ်တို့
အန္တရာယ်ပြုခြင်းမှကင်းဝေးစေကြောင်းမေတ္တာလောင်း၍
ရှေ့အရိယာသူတော်တို့မိန့်တော်မူခဲ့ပါသည်။

“သောကခပ်သိမ်းငြိမ်းအေးကြပါစေ…မင်္ဂလာရှိသောနေ့ရက်
တိုင်းကိုကုသိုလ်များဖြင့်ဖြတ်သန်းနိုင်ကြပါစေ”…

No comments

Powered by Blogger.