ကလေးငယ်တွေမှာ အသက်ကိုးနှစ်အရွယ်ကစပြီး ဆီးချိုအမျိုးအစား (၂) စတင်ဖြစ်နိုင်


အသက် ကိုးနှစ်အရွယ်လောက်သာ ရှိသေးတဲ့ ကလေးငယ်တွေမှာလည်း ဆီးချိုအမျိုးအစား(၂) ရောဂါ ရှိနေ နိုင်တယ်လို့ သိရပါတယ်။ နယူးဇီလန်နိုင်ငံမှာ ဆီးချိုရောဂါအမျိုးအစား ၂ (type 2 diabetes) ရှိနေတဲ့ ကလေးငယ် အနည်းဆုံး လေးယောက်ကို Diabetes Help အဖွဲ့ အစည်းက စောင့်ရှောက်မှုပေးနေရပြီး အဆိုပါ ကလေးငယ်တွေထဲမှာ အငယ်ဆုံးက အသက်ကိုးနှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။
ပျှမ်းမျှအားဖြင့် နယူးဇီလန်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ လောက်ဟာ ဆီးချိုအမျိုးအစား (၂) ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ နယူးဇီလန်ရဲ့ Bay of Plenty ဒေသမှာ အစားအသောက်နဲ့ လူနေမှုပုံစံ ချို့ တဲ့မှုကြောင့် လူပေါင်း ၁၂၀၀၀ လောက်ဟာ ဆီးချိုအမျိုးအစား (၂) ကို ခံစားနေရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဆီးချို (၁) နဲ့ (၂) တို့  ဖြစ်ပွားမှုနှုန်းဟာ လူငယ်တွေကြားမှာ မြင့်တက်လာကြောင်း အမျိုးသားဆီးချိုရောဂါပညာပေးရေးအစီအစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဆီးချိုအမျိုးအစား (၂) ဟာ ဆီးချို အမျိုးအစား (၁) နဲ့ မတူညီတဲ့ရောဂါပုံစံတစ်ခုဖြစ်ပြီး ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးဘ၀ကနေ စတင်ဖြစ်ပွားနိုင်ပြီး ခန္ဓာကိုယ်ကနေ အင်ဆူလင်ဟော်မုန်းထုတ်လုပ်မှု မူမမှန်တာကြောင့် သွေးတင်းသကြားဓာတ်မြင့်မားကာ နောက်ဆက်တွဲအနေနဲ့ အာရုံကြောပျက်စီးမှုနဲ့  ကျောက်ကပ်ချို့ ယွင်းမှုတွေအထိ ဖြစ်နိုင်ပါတယ်။ ဆီးချိုဟာ အ၀လွန်ခြင်းနဲ့  ဆက်စပ်နေတာ မို့ မိဘတွေအနေနဲ့ မိမိရင်သွေးကလေးငယ်တွေရဲ့ ကိုယ်အလေးချိန်ကို သင့်တင်အောင်ထားပေးဖို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပြီး လေ့ကျင့်ခန်းလုပ်ခိုင်းခြင်း၊ အသီးအရွက် များများပါတဲ့ အစားအစာကို ကျွေးပေးခြင်း၊ ပြုပြင်စီမံထုတ်လုပ်ထားတဲ့ အစားအစာတွေနဲ့ အသားတွေကို လျှော့စားခိုင်းဖို့ လမ်းညွှန်ထားပါတယ်။
Ref:youthhealthmag
Powered by Blogger.