သင့်ရဲ့တစ်နေ့တာ အချိန်တွေထဲကနေ အချိန်ပိုလေး ထွက်လာအောင် လုပ်ဆောင်ကြည့်ချင်တယ်ဆိုရင်


တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ ဘယ်လောက်များများ ကိုယ်ပိုင်အချိန်လေးကတော့ မရှိမဖြစ်ကို လိုအပ်ပါတယ်။ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေအတွက် တစ်နေ့တစ်နေ့အချိန်တွေ ကုန်ဆုံးနေရတယ်၊ ဒါမှမဟုတ် ကိုယ့်အတွက် ကိုယ်ဆိုလည်း အိမ်အလုပ်တွေအတွက် ပြန်အချိန်ပေးရတာမို့ ကိုယ့်အတွက် သီးသန့်အချိန်ကလေး ပျောက်ဆုံးနေရတယ်ဆိုရင် ခုပြောပြပေးမယ့် နည်းလမ်းလေးတွေနဲ့ တစ်နေ့တာ အချိန်ပိုထွက်လာအောင် ကြိုးစားကြည့်လိုက်ပါ။
၁။ကိစ္စအသေးလေးတွေကို အချိန်မဆွဲပဲ ချက်ချင်းပြီးပြတ်အောင် ကိုင်တွယ်ပါ။
တစ်ခါတစ်လေ ကိုယ်လုပ်ဆောင်ရမယ့် အရာအသေးလေးတွေ ဥပမာ သုံးမိနစ်စာလေး ဖုန်းခေါ်ရမှာ၊ ဒါမှမဟုတ် ငါးမိနစ်စာ သန့်ရှင်းရေးတစ်ခုလုပ်ရမှာ စတာတွေကို ငါဘာလုပ်ရမယ့်ဆိုတဲ့ စာရင်းထဲ ထည့်မှတ်နေမယ့်အစား ချက်ချင်းလုပ်ပစ်လိုက်တာ ပိုကောင်းပါတယ်။
၂။တစ်ခုပြီးမှ တစ်ခုလုပ်ပါ။
ခုလို ခေတ်ကာလမှာ အလုပ်တွေတရစပ်လုပ်ကြရပေမယ့် တစ်ပြိုင်နက်တည်း လေးငါးခု လုပ်နေခြင်းက သင့်ကို အလုပ်ပြီးမြောက်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ခုဆိုတစ်ခု အာရုံစိုက်နိုင်မှာလည်း မဟုတ်တဲ့အတွက် ရလာဒ်ကလည်း အထူးကောင်းမွန်မှာ မဟုတ်ပါဘူး။ အမှန်တော့ အဲ့ဒီလို တစ်ပြိုင်နက်တည်း လေး ငါး ခု လုပ်ခြင်းဟာ သင့်ကိုအချိန်ပိုကြာစေပါလိမ့်မယ်။
၃။အလုပ်တစ်ခု လုပ်တဲ့အခါ ကြာမြင့်ချိန်ကို မှတ်သားထားပါ။
တစ်နေ့တာ သင့်လုပ်ဆောင်မှုတွေအတွက် ဘာလုပ်ရင်တော့ အချိန်ဘယ်လောက်ကြာတယ်ဆိုတာမျိုး သေချာမှတ်သားထားပါ။ ဒါကိုအလုပ်ရှုပ်တယ်လို့ သဘောမထားပဲ မှတ်သားလိုက်မယ်ဆိုရင် တစ်ပတ်တစ်ပတ် သင်ဘာတွေနဲ့အချိန်တွေ ပိုကုန်နေသလဲ သိလာရပါလိမ့်မယ်။
၎။အချိန်ဆွဲတတ်တဲ့အကျင့်သင့်ဘာရှိရင် သင်ဘယ်အရာတွေကိုအချိန်အဆွဲဆုံးလည်း ဖော်ထုတ်ပါ။
လူတိုင်းမှာ စိတ်မပါပဲ လုပ်နေရတဲ့အရာတွေ ရှိတတ်ကြပါတယ်။ သင့်မှာလည်း ရှိမှာပါပဲ။ ဘယ်အရာတွေကို သင်အများဆုံး ရွေ့ဆိုင်းနေတတ်ပါသလဲ။ အဲ့ဒီအရာတွေကို မရွေ့ဆိုင်းတော့ပဲ နည်းနည်းပိုလုပ်ကြည့်ပါ။ နောက်ပိုင်း သင့်အနေနဲ့ ပိုအဆင်ပြေစွာ လုပ်ဆောင်နိုင်တာ တွေ့ရပါလိမ့်မယ်။
၅။အချိန်အတိုင်းအတာ ကန့်သတ်တာမျိုး လုပ်ထားပါ။
သင်ဘာလုပ်မယ်ဆိုရင် အချိန်ဘယ်လောက်၊ ဘယ်သွားရင် ဘယ်နှစ်နာရီထက် ပိုမကြာဘူး စသဖြင့် အချိန်ကန့်သတ်ထားလိုက်ပါ။ အဲ့ဒီအတိုင်းလုပ်ဆောင်သွားမယ်ဆိုရင် သင့်မှာ အချိန်တွေ ပိုထွက်လာပါလိမ့်မယ်။
၆။တစ်ပတ်စာ အစီအစဉ်ဆွဲထားပါ။
လာမယ့်တစ်ပတ်မှာ ငါဘာတွေလုပ်ရမယ်၊ ပြီးရမယ်ဆိုတာမျိုးတွေ အစီအစဉ် ကြိုဆွဲထားပါ။ ပြီးတဲ့အခါ အဲ့ဒီအစီအစဉ်အတိုင်း လုပ်ဆောင်သွားပါ။
Ref:thefrisky

No comments

Powered by Blogger.