ဟာလိုးဝင်း သကြားလုံးထဲ အပ်ချောင်းများတွေ့ရှိ
ဖီလာဒဲလ်ဖီးယားမြို့ ရဲတပ်ဖွဲ့မှ ကလေးတွေရဲ့ ဟောလုဒ်ဝင်းသကြားလုံးထဲ အပ်ချောင်းလို အရာဝတ္ထုမျိုးတွေ့ရှိခဲ့ကြောင်း ABC သတင်းဌာနပြောဆိုချက်အရ သိရပါတယ်။ ဒ့ါအပြင် Minnesota က အမျိုးသမီး တစ်ယောက်ကလည်း ဟောလိုးဝင်းပွဲမှာ သူမ သမီးရရှိတဲ့ သကြားလုံးတစ်ခုမှာ အပ်တစ်ချောင်းတွေ့ရှိခဲ့ကြောင်း ဖော်ပြပြောဆိုသွားပါတယ်။
တနင်္ဂနွေနေ့မှာ Kennett Square ရဲဌာနက ဖေ့စ်ဘုတ်ပေါ် သကြားလုံးပုံတစ်ခု တင်ခဲ့ပါတယ်။ ထုပ်စည်းထားတဲ့ Twix Candy သကြားလုံးတောင့်ငါးခုထဲ အပ်ချောင်းတွေ့ရှိတဲ့သတင်း ရကြောင်း ပြောဆိုခဲ့ပါတယ်။ ယင်းသကြားလုံးတောင့်တွေကို ၂၀၁၅ အောက်တိုဘာ ၃၁ ရက် ညနေမှာ ကလေးတွေ ၄ဖွဲ့ဆီ ဝေပေးထားတာပါ။ ယင်းသကြားလုံးတွေနဲ့ အထုပ်များ စုံစမ်းစစ်မှုပြုလုပ်ဖို့အတွက် အဆိုပြုထားကြောင်း ရဲအရာရှိများအဆိုအရ သိရပါတယ်။ Snickers သကြားတောင့်အတွင်း အပ်ချောင်းတစ်ချောင်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် Brainerd က မိခင်တစ်ဦးကလည်း Halloween ညမှာ သူမသမီးရတဲ့သကြားလုံးထဲ အပ်တစ်ချောင်းတွေ့ရှိကြောင်း Minnesota ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ ဆေးရုံအနီး North Brainerd နဲ့ Northeast Brainerd မှာ အိမ်တကာ လှည့်ပတ်သွားပြီး ကျွေးမလား၊ မကျွေးရင် ခြောက်မယ်ဟု ကျီစယ် (trick or treat) ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
ခုချိန်ထိတော့ ဘာထိခိုက်အန္တရာယ်မှတော့ မရှိသေးပါ။ ရဲတပ်ဖွဲ့က မိဘတွေအနေနဲ့ သကြားလုံးတွေ ကလေးတွေမကျွေးခင် စစ်ဆေးဖို့ အရေးတကြီး သတိပေးခဲ့ကြပါတယ်။
Ref: Cosmopolitan