သင်မွေးတဲ့ တိရိစ္ဆာန်အမျိုးအစားကိုကြည့်ပြီး သင်ဘယ်လိုလူမျိုးလဲဆိုတာ သိရှိနိုင်
တိရိစ္ဆာန်လေးတွေဆိုတာ ကျွန်တော်တို့ ဘ၀ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးဖို့ သင် ရွေးချယ်ထားတဲ့ တိရိစ္ဆာန်က သင်ဘယ်လိုလူအမျိုးအစားလဲဆိုတာ ပေါ်လွင်နေတတ်ပါတယ်။ တိရိစ္ဆာန်တိုင်းမှာ ထူးခြားတဲ့ ပင်ကိုစရိုက်ကလေးတွေရှိသလို သူ့ ကို အဖော်အဖြစ် အိမ်ခေါ်မွေးချင်တဲ့သင့်မှာလည်း ပင်ကိုယ်လက္ခဏာလေးတွေရှိနေပါတယ်။
၁။ ခွေးမွေးသူတွေ
သင်ဟာ စိတ်နုတတ်သူမျိုးပါ။ တစ်ယောက်ယောက်ရဲ့ဂရုစိုက်၊ သင် အိမ်ပြန်လာတိုင်း သင့်ခွေးလေးက ထွက်ကြိုတတ်နေတာမျိုး၊ သင်ဘယ်လိုလုပ်လုပ်ချစ်နေတတ်တဲ့ ခွေးလေးတွေကို မွေးချင်တဲ့သင့်စိတ်က သင်ဟာ ဂရုစိုက်၊အချစ်ခံချင်တဲ့လူမျိုးဆိုတာ ပြနေပါတယ်။
၂။ ကြောင်မွေးသူတွေ
သင်ဟာ ဘာကိုမှဂရုမစိုက်တတ်သူမျိုးပါ။ ကြောင်ဆိုတာကလည်း သခင်အပါအ၀င် ဘာကိုမှ ဂရုမစိုက်တတ်တဲ့ တိရိစ္ဆာန်မျိုးလေ။ သင့်ကို ကြောင်က သခင်လို့ မြင်မှာမဟုတ်ဘဲ သူက သင့်သခင်လို့ ကို မြင်နေတတ်ပါတယ်။
၃။ ငါးမွေးတတ်သူတွေ
သင်ဟာ အတည်တကျအချစ်ရေး၊အိမ်ထောင်ရေးကို မလိုချင်သူလို့ ဆိုနိုင်ပါတယ်။
၎။ မြွေ မွေးတတ်သူတွေ
သင်ဟာ ဘာကိုမှမကြောက်တတ်သူမျိုး။ သင်နဲ့ သင့်တစ်မိသားစုလုံးကို အန္တရာယ်ရှိနိုင်တဲ့ သတ္တ၀ါမျိုးကို မွေးတတ်ကတည်းကိုက သင်ဟာ ဘာကိုမှ သိပ်ကြောက်လန့် နေသူမျိုးမဟုတ်ဘူး။ မြွေမွေးထားသူ တစ်ယောက်ယောက်နဲ့ ပြဿနာမဖြစ်အောင်ရှောင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
၅။ ဟမ်းစတားကြွက် မွေးတတ်သူ
သင်ဟာ တစ်ခုခုဆို အရယ်သန်၊ပွဲကျတတ်တဲ့လူမျိုး။ ဘာမှမဟုတ် ကြွက်ကလေးတစ်ကောင် ဟမ်းစတား ဘီးရဟတ်လေးမှာ ပြေးနေတာကို ကြည့်ရင်းနဲ့ တောင် ပြုံးရယ်နေတတ်သူပေါ့။
၆။ ငှက် မွေးတတ်သူတွေ
သင်ဟာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်သူပါ။ ငှက်တွေကိုယ်တိုင်က အူကြောင်ကြောင်နိုင်ပါတယ်။ တစ်ချိန်တုန်းက သူတို့ ဟာ ဒိုင်နိုဆောတွေဖြစ်ခဲ့ဖူးပြီး အခုအခါမှာတော့ ငှက်လှောင်အိမ်ထဲမှာ မစင်တွေကြားကနေ ကျွန်တော်တို့ ရဲ့ အသံကို လိုက်တုအော်နေတတ်ပါတယ်။
၇။ ထူးခြားဆန်းပါးတဲ့သတ္တ၀ါတွေမွေးတတ်သူတွေ
သမိုင်းတစ်လျှောက်မှာ လူသားတွေဟာ တိရိစ္ဆာန်ပေါင်းများစွာကို ယဉ်ပါးအောင် မွေးမြူလာခဲ့ကြပါတယ်။ ဒီလိုပဲ တစ်ချို့ လူတွေဟာ ကျားကို အိမ်မွေးတိရိစ္ဆာန်လိုမွေးထားသူတွေလည်း ရှိတယ်။ သင်ဟာ ဒီလို လူမျိုးဆိုရင် သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့စိတ် သင့်မှာရှိနေပါတယ်။
၈။ ဘာကောင်မှမမွေး၊ အိမ်မွေးတိရိစ္ဆာန်တွေလည်း မချစ်သူတွေ
သေချာပါပြီ။ ဒါဆို သင်ဟာ ကြောက်မက်ဖွယ်ရာလူသားမျိုးပါ။ အိမ်မွေးတိရိစ္ဆာန်အမျိုးအစား သုံးမျိုးရှိပါတယ်။ ချစ်စရာကောင်လေးတွေ၊ ရယ်စရာကောင်လေးတွေနဲ့ ချစ်စရာကော၊ရယ်စရာပါကောင်းတဲ့ အကောင်လေးတွေ ဖြစ်ပါတယ်။ ဒီ သုံးမျိုးထဲက တစ်ခုခုကိုမှ မချစ်တတ်၊မမွေးတတ်သူဆိုရင်တော့ သင့်ကို အစိုးရရဲ့အန္တရာယ်ရှိ၊ စောင့်ကြည့်စာရင်းထဲထားဖို့ ကျွန်တော် တောင်းဆိုသွားရမှာပါ။
Ref: yourtango