မိန်းကလေးတွေ ကိုယ့်ကိုအထင်ကြီးစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ယောင်္ကျားလေးတွေ ဒီအစားအစာကို ပိုစားပြလေ့

ရှိ
-----------------------
ယောင်္ကျားတွေဟာ မိန်းမတွေ အထင်ကြီး၊သဘောကျစေဖို့ အတွက် ဘာမဆို လုပ်ပြလေ့ရှိပါတယ်။ တစ်ချို့ က အရက် အသားကုန်သောက်ပြတာမျိုး၊ တစ်ချို့ က ဗိုက်ကြွက်သားတွေကို မသိမသာ လှစ်ပြတာမျိုးပေါ့။ ဒါပေမယ့် ယခုလေ့လာမှု အသစ်တစ်ခုအရ အမျိုးသားတွေဟာ ကောင်မလေးတွေ အထင်ကြီး၊သဘောကျအောင်လို့  ပီဇာ တွေ အများကြီးစားပြလေ့ရှိတယ်လို့ ဆိုပါတယ်။
Cornell University က Kevin Kniffin ဦးဆောင်တဲ့ သုတေသနအဖွဲ့ တစ်ဖွဲ့ ရဲ့ တွေ့ ရှိချက်အရ အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်နဲ့ အတူတူ ညစာစားတဲ့အခါမှာ အမျိုးသားတစ်ယောက်နဲ့  အတူတူ ညစာစားတဲ့အခါထက် ပီဇာတွေ ၉၃ ရာခိုင်နှုန်း ပိုစားလေ့ရှိပြီး အသီးအရွက်အသုပ်ကိုလည်း ၈၆ ရာခိုင်နှုန်း ပိုစားလေ့ရှိတယ်လို့ ဆိုပါတယ်။
လူ့ အမူအကျင့်ဆိုင်ရာသိပ္ပံပညာရှင်တွေဟာ ကြိုက်သလောက်စား၊ တစ်ဈေးတည်း ပီဇာစားသောက်ဆိုင်မှာ အရွယ် ရောက်ပြီးသားလူပေါင်း ၁၃၃ ယောက်ကို စားစေခဲ့ရာမှာ အမျိုးသမီးနဲ့ အတူ စားသောက်တဲ့ အမျိုးသားတွေဟာ ပီဇာကို ပိုစားတတ်ကြတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။ “ ဒီတွေ့ ရှိမှုကနေ ဘာကိုသိရလဲဆိုတော့ အမျိုးသားတွေဟာ ဟိတ်ဟန်ထုတ်ပြဖို့ အတွက် အသားကုန်စားပြ တယ်ဆိုတာကိုပဲဗျ။ အရင်လို ဗလစွမ်းပကားတွေ ထုတ်ကြွားတာမဟုတ်ဘဲ၊ ကိုယ့်ရဲ့ အစားစွမ်းရည်ကို ထုတ်ကြွားတာမျိုးပေါ့” လို့ Kniffin က ရှင်းပြပါတယ်။
သဘောတရားကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေ အထင်ကြီး၊သဘောကျအောင်လို့ သူတို့ မှာ တခြားယောင်္ကျားတွေထက် သာတဲ့ စွမ်းရည်တွေ၊အရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေ ရှိကြောင်း ချပြတတ် တာမျိုးပါပဲ။ ဒီနေရာမှာတော့ အမျိုးသားတွေဟာ သူတို့ ရဲ့ အစားစွမ်းရည်ကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။
Credit, Trend Myanmar
Powered by Blogger.