၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေး အတွက် ပြည်တွင်းရှိ ဘဏ်တစ်ခုမှ အလှူငွေ ကျပ်သိန်း ၆၀၀၀ လှူဒါန်းခဲ့

ပည်တွင်းက ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်တဲ့ CB Bank ဟာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေး အတွက် အလှူငွေ
ကျပ်သိန်း ၆၀၀၀ ကို  CB Bank ဥက္ကဌမှ အားကစား အောင်နိုင်ရေး ကော်မတီ ဥက္ကဌ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးသို့ ပေးအပ် လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အ
တွက် အလှူငွေ ပေးအပ်တဲ့ အခမ်းအနား ကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်ရှိ Royal Naypyitaw Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
CB Bank ဟာ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အောင်နိုင်ရေး အတွက် အလှူငွေများ ပေးအပ်ခဲ့တဲ့ အပြင် Sea Game အမှတ်တရ အင်္ကျီအထည် ၄ ထောင် ကိုလည်း ပေးအပ် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၇ ကြိမ်မြောက် ဆီးဂိမ်း Bill Board များ၊ LED ကြော်ငြာ ဆိုင်းဘုတ်များ၊ ဆီးဂိမ်း အလံများ စတာတွေ ကိုလည်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး စတဲ့ ဆီးဂိမ်း ကျင်းပမယ့် မြို့ကြီးများမှာ စိုက်ထူ လှူဒါန်း ထားတယ်လို့ သိရပါတယ်။

ဒီလို လှူဒါန်းခဲ့တဲ့ အပြင်၊ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး စတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုမှာလည်း ပစ္စည်းသယ် တွန်းလှည်း ၄၂၅ စီးကို လှူဒါန်းထားခဲ့ပြီး အားကစားကွင်း များမှာ အသုံးပြုဖို့ အတွက် ကိုတော့ ပစ္စည်းသယ် တွန်းလှည်း ၇၅ စီးကို လှူဒါန်း ထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


Powered by Blogger.