မီတာခ လျှော့ချရေး ဆန္ဒဖော်ထုတ်မှု

news_mtklkysdtpm_ksa
ရန်ကုန်၊ နိုဝင်ဘာလ ၇
လျှပ်စစ်ဝန်ကြီးဌာနက မီတာခများ ရုတ်တရက် တိုးမြှ
င့်မှုအတွက် မကျေနပ်၍ ကန့်ကွက်သည့် အနေနှင့် ဆန္ဒဖော်ထုတ်မှုကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် မြေနီကုန်းမှ အလုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရုံးအထိ လူ ၃၀၀ ကျော် ဖယောင်းတိုင်ထွန်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင် ပါဝင်သူ တစ်ဦးဖြစ်သော ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ ဦးသိန်းအောင်မြင့်က ပြောကြားသည်။
“မနေ့က မီတာခ လျှော့ချရေးအတွက် ဆန္ဒဖော်ထုတ်တာကို ကျွန်တော်တို့ကို ပုဒ်မ ၁၈ နဲ့ အရေးယူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မီတာခ မလျှော့ချမချင်းဆက် လုပ်သွားမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့၊ Generation Youth အဖွဲ့၊ ဒီမိုကရေစီ အင်အားစုအဖွဲ့၊ ကချင်လိုင်ဇာ လမ်းလျှောက် အဖွဲ့တို့မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း၊ မလျှော့ချပါက ပြည်သူတစ်ရပ်လုံး ပါဝင်လာရန် ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင် ဦးသန်းဆွေက ပြောကြားသည်။
ယခုဆန္ဒဖော်ထုတ်မှုသည် တရားဝင် ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ လုပ်ဆောင်သည့်အတွက် ဥပဒေကြောင်းအရ အရေးယူသွားမည် ဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် ရဲ့တပ်ဖွဲ့စခန်း စခန်းမှူး ဦးတိုးရွှေက ပြောကြားသည်။
ညနေ ၆ နာရီမှ စတင်၍ လူဦးရေ ၃၀ ပါ အဆိုပါ အဖွဲ့လေးဖွဲ့သည် မြေနီကုန်း၊ ကြည့်မြင်တိုင်နှင့် အလုံမြို့နယ်တို့ကို ဖြတ်သန်း၍ ပြည်သူလူထု ၃၀၀ ခန့်နှင့်အတူ ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ရုံးသို့ သွားရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ည ၈ နာရီ ဝန်းကျင်တွင် လူစုခွဲခဲ့သည်။
နိုဝင်ဘာ ၆ ရက်နေ့က ယင်းသို့ လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ငါးဦးကို ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်။ thevoicemyanmar ကူးယူဖော်ပြသည်
Powered by Blogger.