အပွင့်နှင့်လက်ကောက်လိုင်းလှုပ်လာသည့် မဟာအောင်မြေဈေးကွက်
မန္တလေးမဟာအောင်မြေကျောက်ဝိုင်းတွင် အောက်ကျောက်ဈေးငြိမ်နေသော်လည်း တရုတ်နှစ်သစ်ကူးအပြီး
အထက်ကျောက်အရောင်းအ၀ယ်အနည်းငယ်သွက်လာကြောင်း ကျောက်ဝိုင်းမှ သိရသည်။
"အတုံးပိုင်းအောက်ကျောက်အရောင်းအ၀ယ်က
အေးနေတယ်။ ရောင်းဝယ်သူ အချင်းချင်းကြိုက်ရောင်း ကြိုက်ဝယ်ပဲ ဖြစ်နေတာ။
အပွင့်လိုင်းကျောက်ကောင်းတို့ လက်ကောက်တိုက တော့ တရုတ်နှစ်သစ်ကူး
အပြီးပုံမှန်ထက် အရောင်းအ၀ယ်သွက်လာတယ်။
အတုံးလိုင်းနဲ့အချပ်လိုင်းဖက်မှာအနည်းငယ်အေးနေတုန်းပဲ။ "ဟု အတုံးလိုင်းမှ
လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်ဖားကန်ဒေသမှမငြိမ်းချမ်းမှုများကြောင့်ကျောက်ကောင်းရှား၍
ကျောက်စိမ်းဈေးကွက် အေးနေသော်လည်း တရုတ်နှစ်သစ်ကူးအပြီး
တရုတ်ဝယ်လက်အချို့ဆင်းလာသောကြောင့် အရောင်းအ၀ယ်ပြန်လည်သွက်စပြုနေကြောင်း
ကျောက်ကုန်သည်တစ်ဦးကဆိုသည်။
ကျောက်ကုန်သည်ဝယ်လက်ကြီးများနှင့်တရုတ်ကုန်သည်များမှာ
မန်းကျောက်ဝိုင်းအတွင်း စိတ်တိုင်းကျဝယ်ယူလာသောကြောင့်
အပွင့်လိုင်းနှင့်လက်ကောက်လိုင်းအနည်းငယ်လှုပ်ခတ်နေကြောင်း သိရသည်။
"အထက်ကျောက်ဈေးလှုပ်ခတ်လာတော့
ပန်းထိမ်လုပ်ငန်းတွေ ၊ ကျောက်သွေးလုပ်ငန်းတွေအလုပ်ဖြစ်လာတယ်၊ ဟိုတစ်လောက
နားနေရတာ"ဟုကျောက်ဝိုင်းအတွင်းပန်းတိန်လုပ်ကိုင်သူကိုနိုင်မင်းက ပြောသည်။
အပွင့်လိုင်းနှင့်လက်ကောက်လိုင်းတွင်
ကျပ်(၃)သိန်းမှ သိန်းဆယ်ဂဏန်းချီ၍ ပေါက်ဈေးရှိသော်လည်း ကျောက် ကုန်သည်
အချင်းချင်းကြိုက်ဈေးဖြင့်သာ အလုပ်ဖြစ်နေ၍ ကျောက်ကောင်းများကို
တရုတ်ကျောက်ကုန်သည်များ၊မြန်မာကျောက်ကုန်သည်ဝယ်လက်ကြီးများမှ
စုဆောင်းလာကြောင်းကိုလည်း သိရသည်။