ထူးဆန်းသော စိတ်တန်ခိုး အပိုင်း ( ၅ )

ကျွန်ုပ်တို့ လူစိတ်သည် မျောက်စိတ်နှင့်တူသည်ဟုပြောကျလေသည် လူတိုင်းလိုလို လက်သုံးစကားသာဖြ စ်သည် လူတို့စိတ်က မိမိနှင့်သာဆိုင်သည် မငြိမ်အောင်နေလျှင်မငြိမ်ပေ ငြိမ်အောင်လုပ်လျှင်ငြိမ်လေသည် ထို့အတူပင် မိမိစိတ်ကို မိမိသာပိုင်သည် အခြားသူမပိုင်နိုင်ပေ သင်ရဲ့ ဖခင် မိခင်ပါ မပိုင်နောက်ဆုံးအကုန် အကုန်ပြောလျှင် မိမိ ချစ်သော သူ
ပင်မပိုင်ပေ ကျွန်ုပ်တို့ စိတ်က အရာရာကို ကြောက်နေပါမူ နေစပင်ရှိမှာ မဟုက်ပေ အင်း အရှက်အကြောက်တရားတော့် ရှိသင့်ပါတယ် ကျွန်ုပ်ကိုပင် လူတိုင်းကဆေးခန်းလည်းမ သွားပေပေတေတေနေလေသည် ကျွန်ုပ်ကို သေမယ်လို့တောင်ပြောလေသည် ဘာမစားနဲ့ဆို စားလိုက် သည် ကျွန်ုပ်က အရေးကြီးရင်တော့် တက်မှာပေါ့ အရေးကမှ မကြီးသေးတာ ကျွန်ုပ်က မိမိကိုယ်ကိုမသေ ဟု ယူဆထားသည် အင်းသေသွားခဲ့သော မင်းဘာလုပ်မလည်း ဟုမေးစရာဖြစ်နိုင်သည် ကျွန်ုပ် သေလည်း   လုပ်စရာတွေက လုပ်ပြီးလေပြီ သေလည်းပျော်ပျော်ပေါ့ ထားပါတော့်လေ ဆိုလိုရင်းက မိမိသေရင် ဘယ် အ ခြေအနေကို လည်း သုံးသပ်ထားရမယ် အနိုင်ကိုတွေးထားသလို အရှုံးရရင်လည်း ရင်ဆိုင်နိုင်ဖို့က အ သင့်ရှိရလေမည် အရာရာကို ရင်ဆိုင်နိုင်ဖို့က အသင့်ရှိရလေမည် အရာရာကို ရင်မဆိုင်ရဲသူက အရှုံးသာ ရင်ဆိုင်ရလေမည် အင်း စိတ်အကြောင်းတွေပြောတာနဲ့ သူငယ်ချင်းတို့ ငြီးငွေ့ နေမည် ဆိုးပါတယ် ထား ပါတော့်လေ ကျွန်ုပ် (ရီ) ရယ်စရာတစ်ခု ပြောပြပမယ် သူငယ်ချင်းတို့ ပျော်အောင်အတွက်ပါ အင်း တရားေ ဟာဆရာတော်တပါးက တောသို့ရောက်ပြီး အရက်သမားများကို တရားဟောလေသည် ရပ်ရွာထဲက အရ က်သမားများလည်း ရောက်လာလေသည် လူလည်းဆုံနေလေသည် ထို့နောက် တရားဟောဆရာတော်က အရက်ခွက်တစ်ခုကို ယူလာလေသည် ထို့နောက် ပိုးလောက်လေးများကို အရက်ခွက်တွင်ထည့်လိုက်လေ သည် အရက်ခွက်ထဲ ထည့်လိုက်သည့် အခါ ပိုးလောက်လေးများမှာ ခွက်ထဲတွင်သေသွားလေသည် တရား  ဟာဆရာတော်က ဘာကြောင့်သေလည်းဆိုတော့် အရက်က ပိုးကောင်တောင် လျှင်မြန်စွာသေသွားတယ် ဟု ရှင်းပြသည် အဲ့အချိန်မှာ အရက်သမားတစ်ယောက် ထပြောလေသည် တပည့်တော်တို့ အရက်သောက် တာ ဗိုက်ထဲက ပိုးကောင်တွေ သေအောင်လို့ပါ ဟုဖြေလိုက်သည် အရက်သမား အကုန်လုံးနီးပါး ရယ်လေ  သည် ကျွန်ုပ်ပြောလိုတာ ရယ်ရအောင်လို့ရေးတာနော် အရက်တွေလည်း မသောက်နဲ့အုံး  ပုံ/ဇေယျာသူရ
Powered by Blogger.