မို (သို့) ခမီ (ခမွီး) တို့ကို တီးခေါက်ကြည့်ခြင်း


RSV
မြို (သို့) ခမီ (ခမွီး) တို့ကို တီးခေါက်ကြည့်ခြင်း
----------------------------------
ဒီနေရာမှာ ကျနော် အမြင်ကို အယင်းတင်ပြပါမည်။ ကျနော်အထင် မြို (ခ) ခမီသည် တခုခု လွဲနေသလို ခံစားရပါသည်။ အဘယ်ကြောင်းဆိုသော် ရခိုင်လူမျိုးတို့တွင် အစိုးရ၏ တရားဝင်သတ်မှတ်ချက်အရ တိုင်းရင်းသား (၇)မျိုးရှိပါသည်။ ၄င်းတို့မှာ

1. ရခိုင်လူမျိုး
2. ကမန် မျိုးနွယ်စု
3. ခမွီး မျိုးနွယ်စု
4. ဒိုင်းနက် မျိုးနွယ်စု
5. မရမာကြီး မျိုးနွယ်စု
6. မြို မျိုးနွယ်စု
7. သက် မျိုးနွယ်စု

ဤသို့ဆိုလျှင် မြိုသည် သက်သက်ဖြစ်မည်။ ခမီ(ခမွီး)သည် သက်သက်ဖြစ်ရမည်ထင်ပါသည်။ မြိုသမိုင်းများနှင့် ပါတ်သတ်ပြိး တော်ရုံသင့်ရုံသော စာပေများကို တွေ့ရှိရသော်လည်း ၊ ခမီ(ခမွီး)နှင့် ပါတ်သတ်ပြီး စာပေများ အလွန်နည်းပါးပါသည်။ ဤနေရာတွင် မြိုစကားနှင့် ခမီ(ခမွီး)စကားကို သုံးသပ်ကြည့်လျှင်လည်း နေရာ ဒေသလိုက်ပြီး စကားကွဲလွဲနေသောကြောင်း ညှိုနှိုင်းရန်ပင်ခက်ခဲ့ပါသည်။ မြို နှင့် ခမီ(ခမွီး)တိုင်းရင်းသားတို့သည် စာပေရေးတွင်လည်း အလွန့် ဗဟုသုနည်းသောကြောင်း တစ်ကြောင်း၊ စာပေပညာရှင်များ ရှားပါးလွန်သောကြောင်း တစ်ကြောင်း စာပေဆိုင်ရာ အလွန်အားနည်းရခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။ သို့သော်လည်း ၁၃.၁၀.၂၀၁၀ ရက်နေ့ ထုတ် မြန်မာသတင်စာတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလပါလီမန် ဒီမိုကရေစီခေတ်တွင် မြိုအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီကို တည်ထောင် ခွင့်ရရှိခဲ့သည်။ ယင်း ခေတ်အချိန်က မြို (ခေါ်) ခမိ အမျိုးသားများသည် အသိပညာ ဗဟုသုတ နည်းပါးကြသေးသည့်အတွက် ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြခြင်းကြောင့် လူမျိုး အမည်နာမကို သမိုင်းမှတ်တမ်းအရ မြို မှန်သည် သို့မဟုတ် ဘာသာစကားအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည့် ခမီ မှန်သည်ဟု အငြင်းပွားပြသနာဖြစ်ခဲ့ဖူးသည်။

ယင်းကြောင့် ၁၉၇၁-၇၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံသည့်အခါ နေထိုင်သည့် ဒေသတစ်ခုစီရဲ့အစွဲ၊ ဝိဝါဒများကြောင့် မြို နှင့် ခမိ တိုင်းရင်းသားဟု နှစ်မျိုးဖြစ်လာသည်။
၁၉၉ဝ ရွေးကောက်ပွဲတွင် လူအင်အားနည်းသောကြောင်း မြိုနှင့် ခမီ(ခမွီး)ကို ပေါင်းစပ်ပြီ မြို(ခ)ခမီ အမျိုးသားညီညွှတ်ရေးအဖွဲ့ဆိုပြီး ရွေးကောက်ပွဲဝင်ရောက် ချိန်းပြိုင်ခဲ့ရာ ဒေသ (၂)ခုတွင် အနိုင်ရရှိခဲ့ပါသည်။ ထိုအချိန်က ပါတီဥက္ကဌ ဦးစံသာအောင် ကိုယ်တိုင်း မြိုသက်သက်ဖြင့် မဲမနိုင်၊ ခမီသက်သက်ဖြင့် မဲမနိုင်ဆိုပြီး မြိုနှင့် ခမီကို ပေါင်းစပ်ပြီး မြို(ခ) ခမီပါတီကို တည်ထောင်ပြီး အမျိုးသားချင်း ညီညွှတ်အောင် ပေါင်းစပ်ခဲ့ခြင်းဖြစ်သည်ဟု အတည်အလင် ကြေငြာခဲ့သည်။ သို့သော်လည်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၂၀၁၀-ရွေးကောက်ပွဲအတွက် မြိုခေါ်ခမီပါတီ၊ မြိုပါတီ။ ခမီပါတီ ဆိုပြီး ပါတီ (၃)မျိုး ထွက်လာပေါ်လာခဲ့ပါသည်။ ထိုကြောင်း အမြင်ရှင်းနိုင်ရန်အတွက် ခမီ(ခမွီး)တို့မှ ပညာရှင်များ စာတမ်းပြုစုပြီး ခိုင်မာသော သမိုင်းအထောက်အထားများ ရှာဖွေ တင်ပြကြပါရန်နှင့် မြို တိုင်းရင်းသားတို့မှလည်း ခိုင်မာသော အထောက်အထားများ တင်ပြကြစေလိုကြောင်း ကျနော်အမြင်ကို ဒီနေရာမှာ အဆုံးသတ်ပါရစေ။

စကားချပ်တခုအနေဖြင့် ကျနော်တို့ ရခိုင်သည် ခမီ(ခမွီး)နှင့် မြိုတို့အား ရခိုင်တိုင်းရင်းသား ညီအစ်ကိုအဖြစ် ရင်ထဲ အသည်းထဲမှ ခံယူပြီး လုံးဝ (လုံးဝ) ချစ်ခင် ယုံကြည်သည်မှာ မြေကြီးလက်ခတ်မလွဲကြောင်း ကျနော် ရဲရဲကြီး အာမခံရဲပါသည်။ လူမျိုး တစ်မျိုး၏ သမိုင်းကို ထောက်ပြရသောကြောင်းအမှားများ ပါခဲ့လျှင် ကျနော်၏ အမှားသာ ဖြစ်ပါလိမ်မည်။

ဓာတ်ပုံ - မြိုတိုင်းရင်းသားဝတ်စုံhttp://danyawaddymaungmaung.blogspot.com မှကူးယူပါသည်
Powered by Blogger.