Desktop ကို အလှဆင်မယ်
ဒီတစ်ခါ Desktop ကိုအလှဆင်တဲ့ ဆော့ဝဲလ်လေးတစ်ခုတင်ပေးလိုက်ပါတယ်။ သူက
Gadgets လေးတွေပါ ပါတယ်။ ဒါ့အပြင် ထူးခြားတာက မိမိ ထားချင်သော Folder
ဖြစ်ဖြစ် File ဖြစ်ဖြစ် Destop ပေါ်မှာ ကြိုက်နှစ်သက်တဲ့ ပုံလေးနဲ့ Gadgets
လေး ထားလို့ရတယ်ဗျာ။ပုံလေးနမူနာ ကြည့်လိုက်ပါ။ Desktop ပေါ်မှာ Google
search လည်းပါတယ်နော်။ အဲဒီကနေ ရှာရင်လည်း ရတယ်။ နှစ်သက်ရင်အောက်မှာ
သုံးနည်းလေးပြောထားပါတယ်။
အရင်ဆုံး ဆော့ဝဲလ်လေးကို install လုပ်ပါ။ အောက်ပါအတိုင်းပေါ်လာပြီဆိုရင် PC
Applets ဆိုတာကို ကလစ်ပေးပါ။ အဲဒီမှာ ခြောက်ခုပေးထားပါတယ်။ မိမိ Desktop
ပေါ်မှာထားချင်သော ကောင်လေးကို ကလစ်တစ်ချက်ပေးပြီး ထားလိုသောနေရာကို
ထားလို့ရပါပြီ။ ဒါကပေးထားတာအတွက်ပေါ့နော်။
နောက်တစ်ခု စိတ်ကြိုက် Folder လေးတွေလုပ်ဖို့အတွက်က i7FormsGlass
ဆိုတာကိုပြန်သွားပါ။ အဲဒီမှာ Browse Image ဆိုတာကို ကလစ်ပေးပြီးတော့
နှစ်သက်သောပုံကိုရေးပါ။ အော်မေ့လို့ ဓာတ်ပုံ Format က .Jpeg မရပါဘူး။ .png ,
.ico , .gif , .bmp အဲလို Format တွေမှသုံးလို့ ရပါ့မယ်။
အဲလိုဖြစ်အောင် မိမိ လိုချင်သောပုံပေါ်ကို right click ထောက်ပြီး open
with မှာ paint နဲ့ဖွင့်ပါ။ paint box နဲ့ပေါ်လာပြီဆိုရင် ညာဘက်ခြမ်းက Save
as ကိုနှိပ်ပြီး PNG picture ကိုရွေးပြီး save လိုက်ပါ။ ဒါဆိုရင်
အသုံးပြုလို့ရပါပြီ။
i7formsGlass ကိုပြန်သွားပါ ။ အဲဒီမှာ Browse Image ကို ကလစ်ပေး ။ပြီးရင်
ခုနက PNG နဲ့ save ထားတဲ့ပုံလေးကို ရွေးပါ။ နောက်ထပ် အောက်နားလေးက File
& Folder မှာ မိမိထားချင်သော File ဖြစ်ဖြစ် ၊ Folder ဖြစ်ဖြစ် ရွေးပါ။
ပြီးရင် Create Glass Form ကို ကလစ်ပေးပါ ။ပြီးပါပြီ။ ဖိုင်ဆိုဒ်က
2.65MB ပဲရှိပါတယ်။