ဝါးခယ်မက ကျေးရွာ အုပ်ချုပ်ရေးမှူး လယ်များသိမ်းထားမှု (ရုပ်/သံ)

ဝါးခယ်မက ကျေးရွာ အုပ်ချုပ်ရေးမှူး လယ်များသိမ်းထားမှု ရွာသားများ မကျေနပ်ကြ
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ဂေါ်သူသောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ ကျေးရွာ ရပ်မိရပ်ဖတွေက ရန်ကုန်မြို့က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးမှာ ဇန်န၀ါရီ ၁၉ရက်နေ့ က ထုတ်ပြောခဲ့ကြပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ ဦးသက်ဇော်နဲ့ ဦးသက်ဇော်မိသားစုဟာ ဆွေစဉ်မျိုးဆက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအဖြစ် လုပ်ဆောင်ခဲ့ကြပြီး ဦးသက်ဇော်ဟာ တောင်သူတွေအတွက် စိုက်ပျိုးစားရိတ်ချေးငွေတွေကို ကိုယ်ကျိုးအတွက် ၂နှစ်တိတိ သုံးစွဲခဲ့သူဖြစ်တဲ့အကြောင်း ဂေါ်သူသောင်ကျေးရွာက ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ သားဖွားဆရာမနဲ့ လယ်မြေသိမ်းခံရသူ ရွာသားတွေက ပြောဆိုခဲ့ပါတယ်။ Kamayut Media

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Powered by Blogger.