ရေးချင်တဲ့စာလေးတွေကို အသံဖိုင်လေးပြောင်းမယ်။



ဆိုဒ်လေးတစ်ခု တွေ့လို့ပါ။ သူများဆီက တစ်ဆင့်သိရတာပါ။
အားလုံးကိုလည်း သိစေချင်တာမို့ ပြန်လည်ဝေမျှလိုက်ပါတယ်။
နမူနာအဖြစ်ပုံလေးပါ ပါမှာဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ 
 
ပုံလေးမှာ နမူနာ ပြထားတဲ့အတိုင်း ကိုယ်က အသံဖိုင်အဖြစ် ပြောင်းချင်တဲ့စာလေးတွေကို ချရေးထားရုံပါပဲ၊ အပေါ်ဘက်ဒေါင့်နားလေးမှာတော့. မိန်းကလေးအသံလိုချင်လား၊ ယောင်္ကျားလေးအသံ လိုချင်လား၊ ကိုယ်နှစ်သက်ရာကို ရွေးပေးလို့လဲ ရတယ်လေ။
အားလုံးပြီးသွားရင်တော့.. Create mp3 ဆိုတာလေးကို ကလစ်လိုက်နော်။
ကလစ်လိုက်ရင်တော့ ခုလိုလေး ကျလာပါလိမ့်မယ်။
ဘောက်စ်လေးထဲက  Download mp3  ဆိုတာလေးကို ကလစ်လိုက်ပြီး မိမိတို့ ကွန်ပျူတာ ထဲမှာ သိမ်းထားလိုက်ရုံလေ။
မိမိတို့ရဲ့ သူငယ်ချင်းတွေဆီကို စချင်၊ နောက်ချင်ရင်တော့ အဲ့ဒိ လင့်လေးကနေ လုပ်ကြည့်ကြတော့နော်။
စမ်းကြည့်တာ မြန်မာလိုတော့မရဘူးနော်။
Powered by Blogger.