စစ်တွေရှိ ရခိုင်အမျိုးသမီး(၂၀၀) ခန့် ဆန္ဒဖော်ထုတ်ပွဲကို နှစ်ပတ်အတွင်း ပြုလုပ်မည်

ရခိုင်ဒေသတည်ငြိမ်မှု မရှိသမျှ ရခိုင်အမျိုးသမီးများ၏ ဘ၀လုံခြုံမှုကို ခြိမ်းခြောက်ခံနေရသဖြင့် တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်ရန် လိုအပ်နေခြင်းကြောင့် စစ်တွေမြို့၌ အမျိုးသမီး(၂၀၀)က လာမည့်နှစ်ပတ်အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
" ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို စက်တင်ဘာ(၂၆)ရက်နေ့က မြို့နယ်အာဏာပိုင်တွေထံ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်ပြခဲ့တယ်။ အဲဒီနေ့မှာပဲ မြို့နယ်က ပယ်ချတယ်။ (၂၇)ရက်နေ့မှာ ပြည်နယ်ကိုဆက်တင်ပါတယ်။ (၂၉)ရက်နေ့မှာ ပြည်နယ်က တောင်းဆိုချက်တချို့ကို ပြင်ခိုင်းသလို (၂၈)ရက်နေ့ ကောလဟလကြောင့် လူထုအုံကြွမှုဖြစ်လုနီးပါး အနေအထားကို ထောက်ပြပြီးတော့ နှစ်ပတ်စောင့်ခိုင်းထားတယ်။ တောင်းဆိုချက် တစ်ချက်ကိုဖြုတ်ပေးခဲ့တယ်။ သူတို့ကနှစ်ပတ်အတွင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ပြောပါတယ်" ဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ပြုလုပ်မည့် ဒေါ်ညိုအေးကပြောသည်။
တောင်းဆိုချက်များတွင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကိုလေးစားလိုက်နာရန်၊ တရားမ၀င် ခိုးဝင်လာသူများကို အလိုမရှိ၊ မြန်မာ့ပြည်တွင်းရေးကို OIC ၀င်မစွက်နှင့်၊ မြန်မာပြည်မှာ ဘယ်အချိန်ကမျှ ရိုဟင်ဂျာမရှိ၊ မြေမျို၍လူမျိုးမပျောက် လူမျိုမှလူမျိုးပျောက်မည်၊ မြန်မာ့အမျိုးသမီးများဘ၀ လှပလုံခြုံမှု ရှိပါစေ၊ မြန်မာတစ်မျိုးသားလုံး စည်းလုံးညီညွှတ်ကြ ဟူ၍ အချက်များပါဝင်ကြောင်းသိရသည်။
"ရခိုင်တိုင်းရင်းသားတွေဟာ တရားမ၀င် နယ်စပ် ဖြတ်ကျော်လာတဲ့ ဘင်္ဂလီတွေနှင့် အတူနေထိုင်ရန် လုံးဝမဖြစ်နိုင်တဲ့အထဲ စစ်တွေမြို့မှာ OIC ရုံးလာထိုင်မည်ဆိုရင် အမျိုးသားလုံခြုံရေးနှင့် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာပါ ကျဆင်းစေနိုင်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက် ရာရောက်နေတယ်၊ ရခိုင်ဒေသခံတွေရဲ့ အသည်းနှလုံးကို အပ်နှင့်ဆွပေးသလို ဖြစ်နေတယ်၊ ကျမတို့အနေနဲ့ OICကို ရခိုင်မှာ လက်မခံနိုင်ဘူး" ဟု အမျိုးသမီးခေါင်းဆောင်တစ်ဦးကပြောသည်။
ယခုလ (၂၅/၂၆) ရက်နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်သော ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးကလည်း ရခိုင်ပြည်နယ်တွင် OIC ရုံးဖွင့်လှစ်မည်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ထားသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် "GetOut OIC Stop" စာတမ်းပါ အ၀ါရောင်တီရှပ်များကို ၀တ်ဆင်မည်ဖြစ်ကြောင်းသိရသည်။
အာဏာပိုင်များဘက်က နှစ်ပတ်အတွင်း ခွင့်ပြုချက်မရသော်လည်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်ညိုအေးကပြောသည်။http://www.arakantimes.net
Powered by Blogger.