ကန်ဒေါ်လာ ဘီလီယံ ၆၀ စီးပွားရေး နှိုးဆွမှု အစီအစဉ် ဘရာဇီး ကြေညာ
- 23 Aug 2012 |
- By 7Day News
ယိုင်နဲ့ လာသော နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအား ပေးရန် ဘရာဇီးအစိုးရက ပထမဦးဆုံး ကြီးကြီး မားမား စီးပွားရေး နှိုးဆွမှု အစီအစဉ် တစ်ရပ်ကို ထုတ်ဖော် ကြေညာ ခဲ့သည်။
လာမည့် ၂၅နှစ်အတွင်း နိုင် ငံတစ်ဝန်းတွင် ကားလမ်း၊ ရထား လမ်းတည်ဆောက်၍ ကန်ဒေါ် လာဘီလီယံ ၆၀ ကျော် ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ပြီး ယင်းမှ ထက်ဝက်ကို လာမည့်ငါးနှစ်အ တွင်း သုံးစွဲသွားမည်ဖြစ်သည်။ အစီအစဉ်အရ ကားလမ်း ၈,ဝ၀ဝ ကီလိုမီတာနှင့် ရထားလမ်း ကီလို မီတာ ၈ဝ၀ဝ အသစ်ဖောက် လုပ် တည်ဆောက် သွားမည်ဖြစ်သည်။ ဆိပ်ကမ်းနှင့် လေဆိပ်များ တည်ဆောက်မည့် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို လည်း ရှေ့လာမည့် ရက်သတ္တပတ် များတွင် ကြေညာ သွားမည်ဟု မျှော်လင့် ရသည်။
ဘရာဇီးနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ယခုနှစ်အ တွင်း ၂ရာခိုင်နှုန်းသာ တိုးတက် လာပြီး ယင်းမှာ ၂၀ဝ၉ ခုနှစ် နောက်ပိုင်း အားအနည်းဆုံးဖြစ် ကာ ၂၀၁၀ ပြည့်နှစ်က ရရှိခဲ့သော ၇ ဒသမ ၅ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုး တက်မှုနှင့် များစွာကွာခြားသွား ပြီဖြစ်သည်။ မကြာသေးမီလ များက တွင်း ဘရာဇီးအစိုးရက၄င်း၏ ငွေကြေး(ရီယယ်)ကို တန်ဖိုးချပေး ခြင်းနှင့် အတိုးနှုန်း ဆက်တိုက် လျှော့ချခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း ဖွံ့ဖြိုးတိုးတက်မှု သိ သိသာသာ မရရှိခဲ့ကြောင်းသိရ သည်။