စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် တွင် အလိုမတူပဲ သားမယားအဖြစ် ခြိမ်းခြောက်ခိုးယူပေါင်းသင်မှုဖြစ်ပွားခဲ့





စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမှတ်( ၂ ) နယ်မြေတွင် အလိုမတူပဲ သားမယားအဖြစ် ခြိမ်းခြောက်ခိုးယူပေါင်းသင်မှုဖြစ်ပွားခဲ့ ~ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံတွင်နေထိုင်သော မြန်မာလူမျိုး မအိအိမွှေး (ဘ)ဦးမြင့်သိန်း အသက်(၃၀)နှစ်သည် မြန်မာနိုင်ငံသို့ ပက်စ်ပိုဗီဇာ သက်တမ်းတိုးရန် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိပြီး သန်လျှင်မြို့ ဘကြီးတော်စပ်သူ၏နေအိမ်တွင် ခေတ္တတည်းခိုနေထိုင်စဉ်မအိအိမွှေး၏ (fb) အိအိမိုးအကောင့်ဖြင့်ရင်းနှီးခဲ့သူ ZaweZaweအကောင့်ပိုင် ရှင် ဖြိုးမောင်မောင် မှ fbမှချိန်းဆိုပြီး စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အမှတ် (၂) နယ်မြေ အမှိုက်ကုန်း ကုန်းပေါ်ရပ် မိခင် ဒေါ်ခင်ဝင်းနေအိမ်သို့ ခေါ် ဆောင်လာပြီး ဓါးဖြင့်ထောက်ခြိမ်းခြောက် ရိုက်နှက်နှိပ်စက်ကာ သားမ ယားအဖြစ်ပြုကျင့်ပြီး မအိအိမွှေးတွင်ပါလာသော လက်စွပ်(၁)ကွင်း နား ကပ်(၁)ရံ SAMSUNG အမျိုးအစား ဟန်းဆက်ဖုန်း(၁)လုံး နှင့်နိုင်ငံ သားစီစစ်ရေးကဒ်တို့အား မတရား လုယူသိမ်းဆည်းထားခဲ့ပါသည် ။ မအိအိမွှေး မှ လူအလစ်တွင် ဈေးသည်တစ်ဦး၏ အကူအညီဖြင့် (21 - 4 - 2017)နေ့တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး နီးစပ်ရာ ပြင် ဦးလွင်ရှိ အဒေါ်ဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိခဲ့ပါသည် အဒေါ်ဖြစ်သူမှ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)သို့ (22 - 4 - 2017)လာရောက် အကူအညီတောင်းသောကြောင့် အမှု အား စီစစ်ကြည့်ရာ မအိအိမွှေးသည် မိမိအမှုဖြစ်ခဲ့သော နေရာဒေသကို မ်ျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)မှ ဖြိုးမောင်မောင် အသုံး ပြုနေသောACCအကောင့် ဖြင့်ခြေရာခံရှာဖွေရာ စစ်ကိုင်းမြို့ ရွှေမင်း ဝံရပ်ကွက် နယ်မြေ ( ၂ )အမှိုက်ပုံကုန်း ကုန်းပေါ်တွင် နေထိုင်ခြင်းဖြစ် ကြောင်း သိရှိခဲ့ရသည် ။ ထိုသိရှိခဲ့သည့် အချက်အလက်အတိုင်း မအိအိမွှေး ၏ မိသားစု များနှင့်အတူ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)မှ လိုက်ပါကူညီဆောင်ရွက်၍ (23 - 4 - 2017) စစ်ကိုင်းမြို့ အမှတ်(၁)မြို့မ ရဲစ ခန်းတွင် သွားရောက်အမှုဖွင့်တိုင်ကြားခဲ့သည် စစ်ကိုင်းမြို့ အမှတ်(၁)မြို့မရဲစခန်း စခန်းမှူးမှ အမှုလက်ခံရယူကာ နယ်ထိန်းတပ်ဖွဲ့ဖြင့် ဖြိုးမောင်မောင်အိမ်သို့ သွားရောက်ရှာဖွေခေါ် ဆောင်ဖမ်းစီးရာ ဖြိုးမောင်မောင်၏မိခင် ဒေါ်ခင်ခင်ဝင်းကိုသာ တွေ့ရှိရြိပီး ဖြိုးမောင်မောင်မှာ တိမ်ရှောင်နေကြောင်းသိရှိခဲ့ရသည် ထိုအမှုအား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး) ဆက်လက်ကူညီဆောင်ရွက်ပြီး အရေးယူမှုအားလည်း ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပါသည် ။ ဇာနည်​​သွေး

No comments

Powered by Blogger.