သွားတိုက်တံရဲ့ အသုံးဝင်ပုံများ


တကယ်တော့ သွားတိုက်တံတွေကို သွားတိုက်ဖို့အတွက်ချည်း မဟုတ်ဘဲ တခြားအရာများစွာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သွားတိုက်တံသုံးပြီး ပြုလုပ်နိုင်တဲ့ အရာတွေကတော့

၁။ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ လှပနေအောင် သွားတိုက်တံကို စပရေးဖျန်းပြီး ခုလို ဖြီးပေးလိုက်ပါ။ ဒါဆို ပိုမိုကြည့်ကောင်းပြီး အထာကျတဲ့ ဆံပင်ပုံစံကို ရရှိမှာပါ။

 

၂။မျက်ခုံးမွှေးတွေ မညီမညာဖြစ်နေတယ်ဆိုရင်လည်း သွားတိုက်တံကို အသုံးပြုပြီး ခုလိုဖြီးပေးလိုက်ပါ။ သပ်ရပ်ပြီး ကြည့်ကောင်းသွားတာပေါ့။

 

၃။နှုတ်ခမ်းသားတွေ ပိုမိုလှပအောင် balm ကို နှုတ်ခမ်းသားပေါ် တင်လိုက်ပြီဆိုရင် သွားတိုက်တံယူပြီး နည်းနည်းပွတ်တိုက်ပေးလိုက်ပါ။ ဒါဆို နှုတ်ခမ်းနီဆိုးတဲ့အခါ တကယ်ကို လှပနေမှာပါ။

 

၎။ဒရိုင်ယာသန့်ရှင်းရေး လုပ်ဖို့အတွက်လည်း သွားတိုက်တံတွေကို သုံးနိုင်ပါတယ်။

 

၅။လက်သည်းထိပ်တွေမှာ အညစ်အကြေးတွေ ကပ်နေမယ်ဆိုရင် သွားတိုက်တံသုံးပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

 

၆။ကိုယ်ပိုင် Nail Art လေး ဖန်တီးကြည့်ချင်တယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း ကိုယ့်မှာရှိတဲ့ လက်သည်းအရောင်စုံကို ဖန်ပြားပေါ်တင်ပြီး ပထမဆုံးအနေနဲ့ ကိုယ့်လက်သည်းကို အဖြူဆိုးလိုက်ပါ။ အဲ့ဒီနောက်မှ သွားတိုက်တံကို ယူပြီး ကိုယ့်စိတ်ကြိုက်အရောင် တစ်ခုချင်းစီကို လက်သည်းပေါ် တင်လိုက်ပါ။ ဒါဆို အဖြူပေါ်မှာ ကာလာအစက်ပေါင်းများစွာနဲ့ Nail Art ဒီဇိုင်းသစ်ကို ရရှိနိုင်ပြီပေါ့။

 

၇။ဆံပင်အရောင်ပြောင်းဖို့အတွက် Hair chalk ကိုသုံးမယ်ဆိုရင်လည်း သွားတိုက်တံအသုံးပြုပြီး ခုလိုဆိုးနိုင်တယ်နော်။

 

Ref:cosmopolitan.com

No comments

Powered by Blogger.