မင်းလှမြို့နယ်အတွင်းရှိ ရေနံမှော် ၈၀ ရာခိုင်နှုန်းကျော် လုပ်ငန်းရပ်ဆိုင်း


တစ်နိုင်တစ်ပိုင်ရေနံတူးလုပ်ငန်းများကို တွေ့ရစဉ်(ဓာတ်ပုံ−ထန်းကိုင်းရေနံမှော်)
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ စီးပွား ဖြစ်ခဲ့သော ရေနံမှော်များတွင်ရေ နံထွက်ရှိမှု မရှိတော့သဖြင့်ရေနံ တူးဖော်ရေးလုပ်ငန်း ၈၀ ရာခိုင် နှုန်းကျော်မှာ ယင်းဒေသမှ ပြန် လည်ထွက်ခွာနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၀၄ မှစ၍ မင်းလှမြို့အ တွင်းရှိ နာမည်ကြီးခဲ့သော ဒဟတ် ပင်ရေနံမှော်၊ ထန်းကိုင်းရေနံ မှော်၊ ငနောင်မုန်းရေနံမှော်တို့ တွင် တစ်နေ့လျှင် ရေနံ ငါးပီပါ အထိ ထွက်ရှိခဲ့ရာမှ ယခုအခါ တစ်နေ့လျှင် တစ်ဂါလန်၊နှစ်ဂါလန် မျှသာ ထွက်ရှိတော့သဖြင့် ရေနံ တူးလုပ်ငန်းရှင်များနှင့်လုပ်သား များ ရေနံမှော်များကိုစွန့်ခွာနေရ ကြောင်းသိရသည်။

‘‘ရေနံက လုံးဝမထွက်တော့ သလောက်လို့ ပြောရမှာပဲ။ အ ကုန်လုံးနီးပါးပြန်နေကြပြီ။ လုပ် ငန်းရှင်တွေအတွက်ရော၊ ကျွန် တော်တို့လို တွင်းတူးလုပ်သား တွေအတွက်ပါ အဆင်မပြေတော့ ဘူး။ တွင်းတွေကို ဒီအတိုင်းထား ခဲ့ပြီး ကိုယ်နိုင်သလောက်ကိုယ့် ပစ္စည်းကိုယ် သယ်ပြန်ကြရပြီပေါ့။ ဒေသခံတွေအတွက်တော့ ထမင်း စားတွင်းလို့ခေါ်တာပေါ့။ တစ်ဂါ လန်ပဲရရ နှစ်ဂါလန်ပဲရရ ရောင်းနေလို့ရတာပေါ့။ လုပ်ငန်းရှင်တွေအတွက်ကတော့ တပ်ဆုတ်ရပြီ’’ဟု မုံရွာမြို့မှ လာရောက်လုပ်ကိုင်သူ ရေနံတွင်းတူးလုပ်သားကိုထွန်း ထွန်းကပြောသည်။

အဆိုပါ မင်းလှမြို့နယ်အ တွင်းရှိ ရေနံတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကြောင့် အခြေခံစားကုန်၊ စားသောက်ဆိုင်လုပ်ငန်းနှင့် လူမှုအသုံးအဆောင်ပစ္စည်းများ၊ စက်ပစ္စည်းရောင်းချမှုလုပ်ငန်းများ စသည်ဖြင့်လုပ်ငန်းများစွာ ထိခိုက်မှုရှိနေကြောင်းမင်းလှမြို့ ဈေးသည်များကဆိုသည်။

‘‘မင်းလှမြို့နယ်ထဲက ရေနံ မှော်တွေမှာ ရေနံတော်တော် ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ်း တိမ်ရေနံအမျိုးအစားဖြစ်လို့ နှစ် ရှည်ရေနံမရနိုင်ဘူး။ သူတို့က အ ပေါ်ယံကြောမှာရှိနေတဲ့ရေနံ။ ပေ ထောင်ချီရှိပြီး တူးရတဲ့ရေနံကြော မျိုးကို တွေ့လို့ တူးနိုင်ပြီဆိုရင် တော့ ဥပမာ အင်္ဂလိပ်ခေတ်က တူးခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက် က ရေနံတွင်းတွေ အခုထိ ရေနံ ထွက်တယ်။ ကမ်းတိမ်ရေနံက တော့ အခုထွက်ခဲ့တာတောင် တော်တော်များပါတယ်’’ဟု မင်းဘူးမြို့ မန်းရေနံမြေမှ ၀န်ထမ်းဦးကြည်ဝင်းက သုံးသပ်ပြောဆိုသည်။

မင်းလှမြို့နယ်အတွင်းရှိ ရေ နံမှော်များ၏ အကျယ်အ၀န်းမှာ မိုင် (၃၀) ခန့်မျှရှိသည်ဟု ခန့်မှန်း ကြပြီး ယခုအခါ ရေနံမထွက်ရှိ တော့သဖြင့် အနယ်နယ်အရပ်ရပ် မှလာသည့် သိန်းနှင့်ချီသော အ လုပ်သမားများမှာ၎င်းတို့၏နေရပ် များသို့ ပြန်နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
7daynews

No comments

Powered by Blogger.