မျက်ခွံ အိကျနေသူတွေအတွက် မျက်ရစ်ဖော်နည်း


အရက်သေစာသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့ ဘဝနေထိုင်မှု အလေ့အကျင့်များစွာတို့က အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု၊ မျက်ခွံအိကျမှုတွေ ဖြစ်စေနိုင်ပါတယ်။  မျက်ခွံ ညွတ်ကျမှုကြောင့် ရုပ်ရည်ကို စိတ်ပျက်စရာဖြစ်စေတဲ့အပြင် မျက်လုံးကြွက်သား အလေးချိန်တက်လာခြင်းက မျက်လုံးဖွင့်ထားဖို့ ပိုခက်ခဲစေနိုင်ပါတယ်။ ဒီ့အပြင် မိတ်ကပ်ခြယ်သရတဲ့အပိုင်းမှာလည်း ပုံမှန်ထက် ပိုမိုခက်ခဲစေပါတယ်။ အိကျနေတဲ့ မျက်ခွံက လိုင်နာတောင့်နဲ့ မျက်ခွံဆိုးဆေးတောင့် သိပ်မထင်ရှားစေတော့တာကြောင့် မိတ်ကပ်က ထိရောက်မှု မရှိတော့ပါဘူး။

ကံအားလျှော်စွာနဲ့ ဒီပြသနာကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခု ရှိပါတယ်။

လိုအပ်သည့် ပစ္စည်းများ

ကြက်ဥ (၁) လုံး (အကာ)

နားသန့်စင် ဂွမ်းဖတ်

လုပ်ပုံလုပ်နည်း

ပထမဆုံးလုပ်ရမှာက မျက်ခွံရှိ မိတ်ကပ်တွေ သေသေချာချာ သန့်စင်ပြီး ခြောက်အောင် လုပ်ရပါမယ်။ ကြက်ဥကို ယူပြီး အနှစ်နဲ့ အကာကို သီးခြားစီ ထားပါ။ ကြက်ဥအကာလေးသာ လိုအပ်ပါမယ်။

ဂွမ်းဖတ်ကို ကြက်ဥအကာထဲ နစ်၊ မျက်စိမှိတ်ပြီး ကြက်ဥအကာကို မျက်ခွံနားတဝိုက် ညင်ညာစွာ သုတ်လိမ်းပေးရပါမယ်။

ကြက်ဥအကာ လုံးဝခြောက်အောင် စောင့်နေစဉ် မျက်စိကို ဆက်မှိတ်ထားရပါမယ်။

လိုအပ်ပါက ပိုမြန်အောင် ပန်ကာ၊ ယက်တောင်တွေ အသုံးပြုပါ။ 

Ref: healthyfoodteam

No comments

Powered by Blogger.