ကော်ဖီဖျော်စက်ဟာ ဘက်တီးရီးယား ပိုးမွှားတွေ ပြည့်နှက်နေတာ မို့ ပုံမှန် ဆေးပေးဖို့ လိုအပ်


ကျွန်တော်တို့ အားလုံးနီးပါး ကော်ဖီကြိုက်ကြပေမယ့် ကော်ဖီတစ်ခွက်ရအောင်ဖျော်ပေးရတဲ့ ကော်ဖီ ဖျော်စက်ကိုရော ဂရုတစိုက်ရှိကြရဲ့လား။ တကယ်တမ်းတော့ ကော်ဖီဖျော်စက်တွေဟာ သင်ထင်ထားတာ ထက်ပိုပြီး ဂရုတစိုက်ထားပေးဖို့ လိုအပ်ပါတယ်။  

စပိန်နိုင်ငံ၊ ဗလင်စီယာတက္ကသိုလ်က အဏုဇီဝပညာရှင်တစ်ဖွဲ့ ဟာ ကော်ဖီဖျော်စက်ကိုးခုကို ဓာတ်ခွဲလေ့လာ ကြည့်ခဲ့ရာမှာ အဆိုပါကော်ဖီဖျော်စက် ကိုးခုက ဆန်ကာစစ်တွေမှာ ဘက်တီးရီးယားပိုးပေါင်း ၃၅ မျိုးကနေ ၆၇ မျိုးလောက် ပိုးပေါင်းစုံပြည့်နှက်နေတာကို တွေ့ ရှိခဲ့ရပါတယ်။ ဒီထက်ဆိုးတာကတော့ တစ်ချို့ ဘက်တီးရီးယား တွေဟာ ကျွန်တော်တို့ ကို နာမကျန်းဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိပိုးအမျိုးအစားတွေ ဖြစ်နေပါတယ်။

အမေရိကန်နိုင်ငံ ဓာတုပစ္စည်းအန္တရာယ်စိစစ်ရေးဘုတ်အဖွဲ့ (CSB) က ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုမှာလည်း ကော်ဖီဖျော်စက်တွေမှာ Staph လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးနဲ့ လူရဲ့အူမတွေမှာတွေ့ ရတတ်တဲ့ enterobacter ပိုးတစ်မျိုးကိုပါ တွေ့ ရှိခဲ့ရပါတယ်။ ကဲ.အခုပဲ ထဆေးဖို့ ကောင်းနေပါပြီ။

ကော်ဖီဖျော်စက်တွေဟာ စိုစွတ်နွေးထွေးနေတတ်တာကြောင့်၊ ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားဖို့  အတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်။ ကော်ဖီဖျော်စက်တွေကို ဆေးမယ်ဆိုရင် လက်ဆေးကန်ထဲက ဘက်တီးရီးယားတွေပြည့်နေနိုင်တဲ့ ရေမြှပ် နဲ့ ဆေးမယ့်အစား အ၀တ်ခြောက်သန့် သန့် နဲ့ ဆေးတာက ပိုကောင်းပါတယ်။ အကယ်လို့ ၊ ရေမြှပ် နဲ့ ဆေးချင်တယ်ဆိုရင်တော့၊ ရေမြှပ်ကိုခြောက်သွားတဲ့အထိ အားနဲ့ ဖိညှစ်ပစ်ပြီး မိုက်ခရိုဝေ့ဗ်ထဲမှာ ဘက်တီးရီးယားတွေ သေစေနိုင်ဖို့ အတွက် စက္ကန့် ၃၀ လောက်ထားပေးသင့်ပါတယ်။

ဒီထက်ပိုကောင်းတဲ့နည်းလမ်းကတော့ ရှာလကာရည်နဲ့ ဆေးတာပဲဖြစ်ပါတယ်။ ရှာလကာရည်ဟာ ပိုးမွှား တွေကို သေစေနိုင်တဲ့ အကောင်းဆုံးအရည်တစ်မျိုးဖြစ်ပြီး တခြားဓာတုပစ္စည်းတွေပါဝင်တဲ့ ဆေးရည်မျိုးတွေ နဲ့ ဆေးမယ့်အစား ရှာလကာရည်နဲ့ ဆေးတာက ကိုယ်စားမယ့်၊သောက်မယ့်ပစ္စည်းမျိုးတွေ အတွက်ဆို  ပိုစိတ်ချရတယ်လို့ သိရပါတယ်။

ကော်ဖီဖျော်စက်ကို မသုံးဘူးဆိုရင် ရေထည့်တဲ့ဗူးကို ခြောက်သွေ့ အောင်လို့ ဖွင့်ထားပေးသင့်ပါတယ်။ ကော်ဖီ ဖျော်စက်ကို ဆေးသင့်တဲ့ အကြိမ်အရေအတွက်ကတော့ ကိုယ်သုံးတဲ့အပေါ်မှာ မူတည်ပါတယ်။ နေ့ တိုင်း သုံးတယ်ဆိုရင် တစ်လကို တစ်ကြိမ်လောက် ရှာလကာရည်နဲ့ ဆေးပေးသင့်ပြီး ရုံးတွေက ကော်ဖီဖျော်စက် တွေလို နေ့ တိုင်း အဆက်မပြတ်အသုံးပြုနေတာမျိုးဆိုရင်တော့ မကြာမကြာဆေးပေးသင့်တယ်လို့ သိရပါတယ်။

Ref: womenshealthmag 

No comments

Powered by Blogger.