အမျိုးသမီး ထက်ဝက်ခန့်ဟာ ကလေးနို့တိုက်နေစဉ် ရာဂနှိုးဆွမှု ခံစားရရှိဟု လေ့လာမှုကဆို


အမျိုးသမီး ၅၀% တို့ဟာ ကလေးနို့ချိုတိုက်ကျွေးနေစဉ်မှာ ရာဂစိတ်နှိုးဆွမှု တွေ့ကြုံခံစားကြပြီး ၈% က ကိုယ်လက်နှီးနှောရာတွင် စိတ်လှုပ်ရှားသကဲ့သို့ ခံစားကြောင်း ဝန်ခံပြောဆိုခဲ့ကြပါတယ်။အမျိုးသမီး ၃၃ နဲ့ ၅၀ ရာခိုင်နှုန်းကြားရှိ အမျိုးသမီးတွေဟာ ကလေးနို့စို့နေစဉ် ရာဂစိတ်နိုးကြွမှု ရရှိခံစားကြောင်း လေ့လာမှုအသစ်က တွေ့ရှိခဲ့ပါတယ်။

ဖြစ်နေကျ ကိစ္စဆိုပေမယ့် အမျိုးသမီးများက ဒါကို မပြောကြဘူးလို့ University of Ottawa’s School of Nursing professor and sexuality သုတေသီတစ်ဦးဖြစ်တဲ့ Viola Polomeno က ဆိုပါတယ်။ နောက် ဒီသတင်း အချက်အလက်ကြောင့် အများစု ကသိကအောက်ဖြစ်နေတဲ့အချိန်မှာ ကလေးပြုစုစောင့်ရှောက်ခြင်းနဲ့ မီးဖွားခြင်းဆိုင်ရာ ပညာပေးတစ်ဦးဖြစ်တဲ့ Mary Jo Podgurski က ဒါ အမျိုးသမီးများ ရွေးချယ်မှုမဟုတ်၊ နဂိုမွေးရာပါ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ကလေးနို့ချိုတိုက်ကျွေးအနေစဉ်အတွင်း နို့ရည်ထုတ်မှု လှုံ့ဆော်ပေးတဲ့ prolactin နဲ့ သားအိမ် ကျဉ်းစေတဲ့ ဟော်မုန်း oxytocin ဖြစ်တဲ့ chemical နှစ်မျိုး ထုတ်လွတ်ပါတယ်။ မိခင် ၁၅၃ လေ့လာမှုတစ်ခုအရ အမျိုးသမီး ၈% က ကလေးနို့တိုက်နေစဉ် ရာဂစိတ်လှုပ်ရှားမှု တွေ့ကြုံခံစားကြတယ်လို့ သိရပါတယ်။ အဲဒါဟာ နို့တိုက်ကျွေးနေသလိုမျိုးပဲ ချစ်တင်းနှီးနှောနေစဉ် အတောအတွင်း oxytocin ထုတ်လွတ်ပြီး သားအိမ်ကို ကျဉ်းမြောင်းစေခြင်းကြောင့် ဖြစ်ပါတယ်။

နို့သီး လှုံ့ဆော်နိုးကြွစေခြင်း၊ သားအိမ်ကျဉ်းမြောင်းခြင်းနဲ့ ဟော်မုန်းဓာတ်များ ရာဂနိုးကြွသည့်စိတ်ခံစားချက်တွေ ဖြစ်စေနိုင်တာပါ။ အမျိုးသမီး ၅၉ ယောက် စစ်ဆေးလေ့လာမှု တစ်ရပ်က ကလေးနို့တိုက်နေစဉ် ဖိုမစိတ်ဖြစ်ပေါ်တယ်ဆိုသူ ၄ပုံ ၁ပုံက ကိုယ်ကိုယ်ကို မလုံမလဲ ဖြစ်ကြတယ်လို့ သိရပါတယ်။

Ref:thesun

No comments

Powered by Blogger.