ဆေးလိပ်သောက်ခြင်းက အိမ်မွေးတိရိစ္ဆာန်များ အတွက်လည်း ဆိုးကျိုးဖြစ်စေဟုဆို


ဆေးလိပ်သောက်ခြင်းက အိမ်မွေးတိရိစ္ဆာန်များအတွက်လည်း မကောင်းဟု University of Glasgow က ခွေးနဲ့ ကြောင်တွေအပေါ်တဆင့် မီးခိုးရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေဆဲ လေ့လာမှုတစ်ခု ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

Scottish institution မှာ လက်ရှိပြုလုပ်နေဆဲ သုတေသနက မီးခိုးအူတဲ့ ပတ်ဝန်းကျင်မှာ နေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေဟာ ကင်ဆာရောဂါ၊ ဆဲလ်ပျက်စီးခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း အပါအဝင် ကြီးမားတဲ့ ကျန်းမာရေးအန္တရာယ် ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေအနေနဲ့ ဆေးလိပ်သောက်ခြင်းက သူတို့ အိမ်မွေးတိရိစ္ဆာန်အပေါ် ဖြစ်နိုင်တဲ့ အကျိုးသက်ရောက်မှုကို မစဉ်းစားကြဘူးလို့ တိရိစ္ဆာန်ဆေးပညာ ပါမောက္ခ Clare Knottenbelt က ဆိုပါတယ်။

အိမ်ထဲ ဆေးလိပ်မီးခိုး ထိတွေ့နေခြင်းဟာ အိမ်မွေးတိရိစ္ဆာန်တွေပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိကြောင်း လေ့လာတွေ့ရှိချက်က ဖော်ပြထားပါတယ်။ ဆဲလ်ပျက်စီးမှုဖြစ်စေခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း အပြင် ကင်ဆာရောဂါဖြစ်ပွားမှု ပိုများစေပါတယ်။

အခုထိတော့ သုတေသနပြုချက်အနေနဲ့ အိမ်အပြင်ဘက်မှာ သွားလာခွင့်ရှိပြီး ဆေးလိပ်မီးခိုးနဲ့ ဝေးဝေးနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ရောဂါဖြစ်မှု ပမာဏ အမှန်တကယ် လျော့နည်းကြတာ တွေ့ရပါတယ်။

တစ်နေ့ ၁၀ ကြိမ်ထက်မပိုဘဲ ဆေးလိပ်မီးညှိသောက်တဲ့ခါ နီကိုတင်းပမာဏ သိသိသာသာ လျော့ကျခဲ့တာ တွေ့ရပြီး ဆေးလိပ်မသောက်တဲ့ အိမ်က ကြောင်တွေမှာ ပိုလို့တောင် သိသာပါတယ်။

ခွေးများရဲ့ ကပ္ပယ်အိပ်ကို သင်းကွပ် စစ်ဆေးမှုတစ်ခုက ဆဲလ်ပျက်စီးမှု အမှတ်အသားကို ပြတဲ့ gene တစ်မျိုးက ဆေးလိပ်သောက်တဲ့ အိမ်က ခွေးတွေမှာ ပိုများတာ တွေ့ရပါတယ်။

 ဆေးလိပ်သောက်တတ်သူနဲ့ အတူနေထိုင်တဲ့ ခွေးတွေဟာ ကိုယ်အလေးချိန် ပိုတက်ကြကြောင်း သိရပါတယ်။ 

Ref: 

No comments

Powered by Blogger.