ဖုန်းနံပါတ် ၅ ခုထက်မက ရရှိပိုင်ဆိုင်စေမယ့် app က သစ္စာမရှိတဲ့သူတွေအတွက် ချစ်သူကိုလှည့်စားနိုင်မယ့် အရာလား


မိမိလက်ရှိသုံးနေတဲ့ စမတ်ဖုန်းနဲ့ပဲ ဖုန်းနံပါတ်များစွာ ထားရှိနိုင်ပြီး လက်တွဲဖော်ကို လှည့်စားစေနိုင်မယ့် app အသစ်တစ်ခုကို အယုံကြည့် ကင်းမဲ့တဲ့ ချစ်သူတွေ အသုံးပြုနိုင်ပါပြီ။ ဒါဟာ လှည့်စားတတ်သူတွေအတွက် သတင်းကောင်းဖြစ်ပြီး တစ်ဖက်သားကို ယုံကြည်တတ်သူတွေအတွက်တော့ သတင်းဆိုးပါပဲ။

Swytch လို့အမည်ရတဲ့ အဆိုပါ app က အသုံးပြုသူတွေကို မိုဘိုင်းလ်နံပါတ် ၂ ခုသာ ထားရှိနိုင်တဲ့ ကန့်သတ်ချက်ကို လွန်ဆန်ကာ ဖုန်းနံပတ် ၅ ခုထက်မက လက်ဝယ်ရရှိစေနိုင်ပါတယ်။

ယင်း app ရဲ့ founder လည်းဖြစ်၊ CEO လည်းဖြစ်သူ Chris Michael က ဒီ app တီထွင်လိုက်တော့ သစ္စာမရှိတဲ့ စုံတွဲတွေကို စိတ်ဝင်စားမှု ရရှိနိုင်မယ်ဆိုတာ မြေကြီးလက်ခတ် မလွှဲဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖုန်းနံပါတ် တစ်ခုထက်မက ပိုင်ဆိုင်ခွင့်ရထားခြင်းက လူတွေအတွက် အချစ်ဇာတ် ခင်းဖို့ ပိုလွယ်ကူမယ်ဆိုရင် Pay As You Go SIM ကဒ်တွေ စပေါ်လာကတည်းက ဖြစ်နေတာ ကြာပြီလို့ ဆိုပါတယ်။

Swytch က လက်ရှိ မိုဘိုင်းလ်ဖုန်းမှာပဲ ဖုန်းနံပါတ် တစ်ခုထက်မက ရှိစေနိုင်တယ်။ နောက် ဒါက အချစ်ဇာတ်ခင်းဖို့ စိတ်ဆုံးဖြတ်ထားသူများအတွက် အထောက်အကူ ဖြစ်ကောင်းဖြစ်စေနိုင်တာကြောင့် အဲဒီလိုဆုံးဖြတ်ရတဲ့ အကြောင်းအရင်းတစ်ခုလို့တော့ မယူဆပါဘူးလို့ သူက ဆိုတယ်။ Swytch အနေနဲ့ သုံးစွဲသူကို အသုံးပြုလိုတဲ့ နံပါတ်တစ်ခုကို ရွေးချယ်ပြီး ဖုန်းခေါ်ဆို သို့မဟုတ် စာတို ပေးပို့စေနိုင်ပါတယ်။

ယင်း app ကို ဖုန်းတစ်လုံးတည်းမှာပဲ စီးပွားရေးနဲ့ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှု အချက်အလက်တွေ သီးခြားစီ ခွဲထားချင်သူတွေအတွက် အဆင်ပြေစေဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကို အွန်လိုင်းဖူးစာရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်း သုံးစွဲသူတွေအတွက် လုပ်ထားတယ်ဆိုပေမယ့် သစ္စာမရှိတဲ့ စုံတွဲတွေကိုလည်း စိတ်ဝင်စားမှု ဖြစ်စေနိုင်တာ တွေ့ရပါတယ်။ သို့သော် သူတို့တွေဟာ Swytch ကို အကျိုးမြတ်အများဆုံးရယူ သုံးစွဲမယ့်သူတွေတော့ မဟုတ်မှာ သေချာပါတယ်လို့ Michael က ထပ်မံပြောဆိုသွားပါတယ်။

အဆိုပါ app ကို အခမဲ့ ဒေါင်းလုဒ် ရယူနိုင်ပြီး iPhone နဲ့ Android ဖုန်းတွေမှာ ရယူသုံးစွဲနိုင်ပါတယ်။ 

Ref: Indianexpress

No comments

Powered by Blogger.