ခရစ္စမတ်စ်ရဲ့ စစ်မှန်သော အဓိပ္ပါယ်


ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံတဲ့ ဒီဇင်ဘာလရဲ့ ခရစ္စမတ်စ်နေ့လေး ရာက်ရှိလို့ လာပြန်ပါပြီ။ သို့သော် ဒီခရစ္စမတ်စ်ဆိုတာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်က ဘာလဲ။ သစ်ပင်လေးတွေမှာ လက်ဆောင်စ္စည်းများ ထားရှိခြင်းလား။ ပြတင်းတံခါးဘောင်လေးတွေပေါ်မှာ ရောင်စုံမီးထွန်း အလှဆင်ခြင်းလား။ စာတိုက်မှတဆင့် ကဒ်လေးများ ပေးပို့ခြင်းလား။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ ကြက်ဆင်ကင်ကို အတူတူ စားသောက်ကြခြင်းလား။ အိမ်နောက်ဖေး ခြံဝင်းကွက်လပ်တွေမှာ နှင်းတွေဖုံးတဲ့ အချိန်လား။ ဒါမှမဟုတ် လမ်းမတွေပေါ် ဖြတ်သွားဖြတ်လာသူတွေဆီ Merry Christmas လို့ လှန်းအော်ခြင်းလား။ ဒါ ခရစ္စမတ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ် ဟုတ်ပါသလား။

လူ တော်တော်များအတွက် ခရစ္စမတ်စ်က ဝမ်းနည်းရတဲ့ အချိန် ဖြစ်ပါတယ်။ သူတို့ကလေးများ၊ မိသားစုနဲ့ သူငယ်ချင်း မိတ်ဆွေများအား လက်ဆောင် ပစ္စည်းများ ဝယ်ပေးဖို့ အပိုဆောင်း ငွေကြေးများ မရှိကြခြင်းကြောင့်ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ကိုယ့်ရပ်ကိုယ့်မြေ ပြန်မလာနိုင်ကြတဲ့ မိမိချစ်ရသူတွေကို စိတ်ကူးကြတဲ့အခါ လူအများအပြား ဝမ်းနည်းခြင်း ဖြစ်ကြရပါတယ်။

သို့သော် ခရစ္စမတ်စ်က အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်တွေအတွက် ကြီးမားတဲ့ ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံတဲ့ ရာသီကာလတစ်ခု ဖြစ်ပါတယ်။ ဘုရားသခင်မှ လူသားတွေကို သူ့မဟာ ဂရုဏာကို ပြသတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။

ခရစ္စမတ်စ် ဆိုသည်မှာ ခရစ်တော်ဖွားမြင်ခြင်းပွဲတော် ဆင်နွှဲကျင်းပတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဘုရားသခင်မှ သူ့သားတော်ဖြစ်တဲ့ Jesus ကို လူ့လောကမှာ မွေးဖွားဖို့ စေလွှတ်ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖွားမြင်ခြင်းအားဖြင့် တစ်လောကလုံး ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ ငြမ်းချမ်းခြင်းကို ယူဆောင်ပေးပါတယ်။ ဒါ့ကြောင့် ဒီ ခရစ္စမတ်စ်ချိန်ခါဟာ ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းခြင်းကို ယူဆောင်လာပေးတဲ့ ခရစ်တော်ရဲ့ မွေးနေ့ပွဲကို အောက်မေ့ကျင်းပတဲ့ အချိန်အခါပင် ဖြစ်ပါကြောင်း။

Ref: CBN

No comments

Powered by Blogger.