ဆံပင်ရေစိုဖြင့် လုံးဝ မအိပ်သင့်


ဆံပင်ရေစိုစိုနဲ့ သင် ဘယ်နှစ်ခါ အိပ်ခဲ့ဖူးပါသလဲ။ ဒါ သင့်ရဲ့ အလေ့အကျင့်တစ်ခု ဖြစ်နေပြီဆိုရင် ဒီအလေ့အကျင့်ကို ဘာကြောင့် အမြန်ဆုံး ဖျောက်သင့်လဲဆိုတာ အောက်မှာ ဆက်ဖတ်ကြပါ။

၁။ ရေစိုသည့်ဆံပင်က မှိုပြန့်ပွားမှု အားပေးဖြစ်ပေါ်စေ

ခေါင်းအုံးက အရေပြားဆဲလ်သေများ စုစည်းရာဖြစ်လို့ ဘက်တီးရီးယား ပိုးမွှားတွေ အပြိုလိုက် ဖွံ့ဖြိုးကြီးထွားခြင်းအတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီပေါ် ဆံပင်ရေစိုစို အပ်လိုက်ပြီး ပူနွေးစေလိုက်တဲ့အခါ ဒုက္ခပေးတတ်တဲ့ မှိုတွေတက်ကာ ပြန့်ပွားခြင်းအတွက် အကောင်းဆုံးဝန်းကျင်ကို ဖန်တီးဖြစ်ပေါ်စေပါတယ်။

၂။ ခေါင်းကိုက်မှု ဖြစ်ပွားစေ

သင်မသိခဲ့ပေမယ့် အိပ်စက်မှု ပထမဆုံးအဆင့်မှာ မိမိခန္ဓာကိုယ်အပူချိန်က မိမိအိပ်စက်ရာ အခန်းအပူချိန်သို့ လျော့ကျပြီး REM အဆင့်မှာ မြင့်တက်ပါတယ်။ ဆံပင်ရေစိုနေတဲ့အခါ မိမိဦးခေါင်းအပူချိန်က ခန္ဓာကိုယ်အပူချိန်နဲ့ ကိုက်ညီအောင် ညှိမပေးနိုင်တာကြောင့် ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာတွေ ဖြစ်ပေါ်စေကာ ညကြီးမင်းကြီး အိပ်မပျော်မှုတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

၃။ ဆံပင်အဖျား နှစ်ခွကွဲခြင်း

ဆံပင်ရေစိုခြင်းက အထူးသဖြင့် ခေါင်းအုံးနဲ့ ပွတ်တိုက်မိတဲ့အခါမှာ ဆံပင်အဖျား နှစ်ခွ ကွဲစေတတ်ပါတယ်။ အဲဒီ ပွတ်တိုက်မှုက မိမိဆံကေသာကို ပျက်စီးစေပြီး ဆံပင်ကို အဖျားနှစ်ခွ ကွဲစေပါတယ်။ 

Ref: healthyfoodteam

No comments

Powered by Blogger.