သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေက သင့်ကို ဆက်စီကျစေတာလဲ


မိမိကိုယ်ခန္ဓာကို စိတ်တိုင်းကျဖြစ်ဖို့ ပြောဆိုဆွေးနွေးကြတဲ့အခါ မိမိတင်ပါးဆုံ၊ ရင်သား၊ ပေါင်တံလေးတွေ သို့မဟုတ် ဗိုက်သားလေး အနည်းငယ်သေး ချင်တယ် ဒါမှမဟုတ် ကြီးချင်တယ် စသဖြင့် မိမိဆန္ဒရှိတဲ့ ခန္ဓကိုယ် အစိတ်အပိုင်းတွေကို ထုံးစံအတိုင်း အသားပေးပြီး အပြန်အလှန် စကားပြောဆိုဆွေးနွေး လေ့ရှိကြပါတယ်။ ဒါပေမယ့် ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှု တွေ့ကြုံ ခံစားစေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အလေးပေး ပြောချင်ပါတယ်။ အမြင်၊ အနံ့၊ အထိအတွေ့၊ အရသာ နဲ့ အကြားအာရုံ ဆိုတဲ့ အာရုံငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရှိပါတယ်။ အဲ့ဒီအစိတ်အပိုင်းတွေကို ညှို့ဓာတ်ဖြစ်စေတဲ့ အရာတွေလို့ သတ်မှတ်မယ့် ခန္ဓာကိုယ် အစိတ်အပိုင်းများ မဟုတ်ပေမယ့် ကျွန်ုပ်တို့ဘဝမှာ ပျော်ရွှင်မှုနဲ့ စိတ်အာရုံခံစားမှုရဲ့ အရင်းအမြစ်တွေ ဖြစ်ပြီး ရမ္မက်ကြွစေတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

၁။ မျက်လုံး

ကျွန်ုပ်တို့ မျက်လုံးက အလှတရားကို မြင်တွေ့စေရုံမက ကျွန်ုပ်တို့ စိတ်နေစိတ်ထားကို ထင်ဟပ်စေတဲ့ ကြေးမုံပြင်လို့ ဆိုပါတယ်။ ကျွန်ုပ်တို့ မျက်လုံးအပြုအမူ၊ လှုပ်ရှားမှုတွေက ကျွန်ုပ်တို့စိတ်ခံစားချက် အစစ်အမှန်တွေ ဖြစ်ပါတယ်။ သူ့ကို ကြည့်တဲ့အချိန် မျက်လုံးတွေ အရောင်တောက်နေတယ် သို့မဟုတ် အခန်းထဲ လျှောက်တဲ့အခါ သူမ မျက်လုံးတွေ အရောင်လက်သွားတယ် စသဖြင့် ကျွန်ုပ်တို့ ပြောဆိုကြပါတယ်။ ဒါ့ကြောင့် မျက်စိက ခန္ဓကိုယ်ရဲ့ ဆွဲဆောင်မှု အဖြစ်ဆုံး အစိတ်အပိုင်းများထဲက တစ်ခု ဖြစ်ပါတယ်။

၂။ နှာခေါင်း

လူတော်တော်များများက သူတို့ နှာခေါင်းကို ပုံစံ မဟုတ်ရင် အရွယ်အစားကို တစ်မျိုး ဖြစ်စေချင်ကြတာကြောင့် ကျွန်ုပ်တို့ နှာခေါင်းက မကြခဏ အချေအတင် ဆွေးနွေးတဲ့ အချက်တစ်ခု ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နှာခေါင်းက ပတ်ဝန်းကျင်နဲ့ အနီးနားရှိ လူတွေကို အနံ့အသက် ခံမိစေရန် စွမ်းဆောင်ပေးနိုင်ပါတယ်။

၃။ နားရွက်

ဦးခေါင်းရဲ့ ဘယ်ညာနှစ်ဘက်လုံးမှာ နားရွက်တွေရှိပါတယ်။ ပတ်ဝန်းကျင်မှာ ချိုသာသော အသံများနဲ့ မိမိလက်တွဲဖော်ချစ်သူရဲ့ ကြင်နာတဲ့အသံကို ကြားစေဖို့ အစွမ်းအစ ရှိပါတယ်။

၎။ ပါးစပ်

ပါးစပ်က အံ့သြဖွယ် ရသဂုဏ်ကို ရရှိခံစားစေပါတယ်။ ပါးစပ်က အကြိုက်အလိုလိုက်မှု အားလုံးတည်ရှိရာ နေရာ ဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ အစားအစာကို မြည်းစမ်းတယ်။ အာဟာရ ရယူတယ်။ အသံထွက်ရာနေရာဖြစ်ပြီး စကားလုံးများနဲ့ အသံဗလံ အားလုံးတို့ကို ဖန်တီးဖြစ်ပေါ်စေပါတယ်။ နှုတ်ခမ်းတစ်စုံကလည်း ခန္ဓာကိုယ်ရဲ့ ရသ အခံစားတတ်ဆုံး အစိတ်အပိုင်းထဲက တစ်ခုဖြစ်ကာ ဆွဲဆောင်အဖြစ်စေဆုံး အချက်တစ်ခုဖြစ်ပါတယ်။

၅။ လက်

အာရုံငါးပါးအနက် နောက်ဆုံးအချက်က လက်ကနေ အများဆုံး ရရှိခံစားရတဲ့ အထိအတွေ့ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လက်ကို ဆွဲဆောင်မှုပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်လေ့မရှိပေမယ့် ဘဝမှာ ဘာမဆို လုပ်ကိုင်ဆောင်ရွက်ဖို့ အသုံးပြုတဲ့ လက်နက်ဖြစ်ပြီး ကိုယ်ချစ်တဲ့ သူကို ကြင်နာစွာ ထွေးပွေ့ ပွတ်သပ်ပေးတဲ့ နေရာပဲ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ယောက်ကြား ခွန်အားတွေ ကူးပြောင်းရယူခြင်းဟာ လက်ကနေ အစပြုပြီး ခန္ဓာကိုယ်တစ်ခုလုံးအနက် ဆွဲဆောင်မှု အရှိဆုံး အစိတ်အပိုင်းတစ်ခု  ဖြစ်ပါတယ်။

၆။ ခြေထောက်

ရမ္မက်ကြွစေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း နောက်ဆုံးစာရင်းက ဘဝမှာ အံ့သြစရာ ခရီးတွေ အရောက်ပို့ဆောင်ပေးတဲ့ ခြေထောက်တွေပဲ ဖြစ်ပါတယ်။ ဒီခန္ဓာကိုယ် အစိတ်အပိုင်း (၆) ခုလုံးက အချိန်တိုင်း ပျော်ရွှင်မှု အစစ်အမှန်ကို တွေ့ကြုံခံစားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အခန်းကဏ္ဍတွေကို အသိအမှတ်ပြု ကျေးဇူးသိတတ်ပြီး ခြွင်းချက်မရှိ ချစ်ခြင်းမေတ္တာထားဖို့ အရေးကြီးပါတယ်။

Ref:yourtango 

No comments

Powered by Blogger.