ဆောင်းရာသီ ဆံကေသာ ထိန်းသိမ်းနည်းများ


ဆောင်းရာသီက အသားရေခြောက်သွေ့စေရုံ သက်သက်မဟုတ်၊ ဆံပင် ဗောက်ထခြင်း၊ တွန့်ခွေကွေးကောက်ခြင်း၊ ခြောက်သွေ့ခြင်း စတာတွေလည်း ဖြစ်ပေါ်စေပါတယ်။ ယင်းပြသနာတွေ ထိရောက်စွာ ဖြေရှင်းပေးမယ့် နည်းလမ်းတချို့မှာတော့

ဗောက်ထခြင်း

ဆံပင်ဗောက်ထခြင်းအတွက် အုန်းဆီစစ်စစ် အသုံးပြုပြီး ဆီပူကုထုံးကို စမ်းလုပ်ကြည့်ပါ။ အုန်းဆီကို အနည်းငယ် အပူပေးပြီး ဦးရေပြားနဲ့ ဆံပင်ကို ကောင်းစွာ နှိပ်နယ်ပေးရမှာဖြစ်တယ်။ ပုဝါကို ရေနွေးထဲ နှစ်၊ ရေကို ညှစ်ထုတ်ပြီး ခေါင်းပေါင်းကဲ့သို့ ဆံပင်ကို ပတ်စည်းပါ။ အဲဒီအတိုင်း ၅ မိနစ်ထားပေးရပါမယ်။ ပုဝါဖြေပြီးနောက် ဆီကိုတော့ တစ်ညထားပါ။ နောက်နေ့ကျမှ ခေါင်းကို လျှော်ပေးရပါမယ်။

ဆံပင်ခြောက်သွေ့ခြင်း

နွားနို့ (၁) ခွက်နဲ့ ကြက်ဥ (၁) လုံးရောပြီး ကောင်းစွာရောသမမွှေပါ။ ရလာတဲ့အရောအနှောကို ဦးရေပြားမှာ လိမ်းပြီး ၅ မိနစ်ထားပြီးနောက် သေချာပြန်ဆေးချပါ။ ဒါကိုတစ်ပတ် (၂) ကြိမ်လုပ်ပြီးရင် နူးညံ့ပြီး အာဟာရပြည့်ဝတဲ့ဆံကေသာ ရရှိပိုင်ဆိုင်လာပါလိမ့်မယ်။

ဆံပင်တွေတွန့်ခွေကွေးကောက်နေခြင်း

စပရေးဗူးတစ်လုံးယူပြီး (creamy hair conditioner) ဆံပင်ပြုပြင်ဆေးရည်ကို ရေနဲ့ရောစပ်ပါ။ အဲဒီအရည်ကို ဆံပင်မှာ ဖျန်းပြီး ခေါင်းဖြီးပါ။ ဆံသားတွေ ကပ်ငြိမှု ကင်းစေပါတယ်။

ဆံပင်နှစ်ခွကွဲခြင်းမက်မွန်ဆီနဲ့ အလှဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို လိုအပ်သလိုရောစပ်ပြီး ဆံပင်ကို အထူးသဖြင့် ဆံပင်အဖျားတွေကို လိမ်းပေးပါ။ ထုံးစံအတိုင်း နာရီဝက်ထားပြီးနောက် ပြန်ဆေးချပါ။

Ref:timesofindia.indiatimes

No comments

Powered by Blogger.