စိတ်ဖိစီးမှုနဲ့ ပူပန်မှုကြောင့်ကြမှု ဖယ်ရှားပေးမယ့် လွယ်ကူ ရိုးရှင်းသော နည်းလမ်းလေး


စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်ကြောင့်ကြမှုတွေဆိုတာ မျက်မှောက်ခေတ် လူနေမှုဘဝရဲ့ ရှောင်လွဲလို့ မရတဲ့ တစ်စိတ်တစ်ဒေသ တစ်ခု ဖြစ်နေပါပြီ။ နိစ္စဓူဝ ဒီပြသနာတွေ ရင်ဆိုင်ခြင်းက တကယ် ခြေကုန်လက်ပန်း ကျစေနိုင်ပါတယ်။

ကံအားလျှော်စွာနဲ့ပဲ ရိုးရှင်းပေမယ့် တကယ် ထိရောက်တဲ့ လေ့ကျင့်ခန်းလေး တစ်ခု ရှိပါတယ်။ ၅ မိနစ်အတွင်း မိမိစိတ်ဖိစီးမှုကို ၄၄% ရာခိုင်နှုန်း သက်သာရာရစေပြီး ၅ မိနစ်အတွင်း အကျိုးသက်ရောက်မှု ရရှိစေနိုင်မယ့် လေ့ကျင့်ခန်းလေးတစ်ခု ဖြစ်ပါတယ်။

ညာဘက် နှာခေါင်းပေါက်ကို လက်မနဲ့ ဖိထားပြီး လေ ဝင်/ထွက်ပေါက် ပိတ်အောင် ဆက်ဖိထားရပါမယ်။ ဘယ်ဘက် နှာပေါက်ကတဆင့် လေ ရှူသွင်း၊ ထုတ် လုပ်ပေးပါ။ ပြီးတော့ ဘယ်ဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး ညာဘက်နှာခေါင်းပေါက်နဲ့ အဲဒီနည်းအတိုင်း အသက်ပြင်းပြင်း ရှူသွင်း၊ ထုတ် ပြန်လုပ် ပေးပါ။

ဒီလေ့ကျင့်ခန်းကို ဘယ်ဘက် နှာခေါင်းပေါက် နဲ့ ညာဘက် နှာခေါင်းပေါက်ကို တလှည့်စီ ဖိပိတ်ပြီး ၅ မိနစ် လုပ်ပေးရမှာ ဖြစ်တယ်။ ဒီရိုးရှင်းတဲ့ လေ့ကျင့်ခန်းကို နေ့တိုင်း အဆက်မပြတ် လုပ်ပေးမယ်ဆိုပါက များစွာ နေသာထိုင်သာ ပိုရှိလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ 
Ref: healthyfoodteam

No comments

Powered by Blogger.