ကိုယ်အလေးချိန် ကျဆင်းစေတဲ့ အစားအစာများ


မိမိအစာစားလိုစိတ် ထိန်းချင်တယ်၊ သကြားစားလိုတဲ့ အာသာပြင်းပြမှု ရပ်တန့်ချင်ပါက မိမိအစားအသောက်စာရင်းမှာ ထည့်ဖို့လိုအပ်သည့်အရာများမှာ

ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်အပြည့်ရှိပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေစေပါတယ်။ ဒါတင်မကသေးပါ။ ပရိုတင်းဓာတ်က အာသာပြင်းပြမှုဖြစ်စေသော သွေးချိုအတွင်းရှိ spikes ကို ကာကွယ်ပေးပါတယ်။ အဝလွန်အမျိုးသမီးအယောက် ၃၀ ပေါ် လေ့လာမှုတစ်ခုက ကြက်ဥစားသူတွေဟာ ပေါင်မုန့် သို့မဟုတ် ပြောင်းဖူးမုန့်ကို မနက်စာအဖြစ် မှီဝဲစားသုံးသူများထက် နောက် ၃၆ နာရီအတွင်း အစားလျော့ စားကြောင်း တွေ့ရှိခဲ့ပါတယ်။

ပဲ

ပဲတွေမှာ သွေးချိုနှုန်း ထိန်းချုပ်ပေးပြီး အာသာပြင်းပြမှုကို ဟန့်တားပေးတဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်များမြင့်မားခြင်းက ကိုလက်ထရောကို လျော့ကျစေပါတယ်။

အသုပ်

ထမင်းစားနေရင်းစပ်ကြားမှာ အသုပ်စားခြင်းဖြင့် ကယ်လိုရီးစားသုံးမှု ထိန်းချုပ်နိုင်ပါတယ်။ သုတေသီများအဆိုအရ အသုပ်စားခြင်းဖြင့် ဗိုက်ပြည့်သလိုခံစားရပါတယ်။ ဗီတာမင် စီ၊ အီး၊ ဖိုးလစ်ခ်အက်ဆစ်၊ လိုင်ကိုပင်း နဲ့ ခန္ဓာကိုယ်အတွင်း အဆီအနှစ်တွေဖြစ်စေတဲ့ carternoids တွေပါဝင်ပါတယ်။

ဂရင်းတီး (Green Tea)

ကဖီးဓာတ်က အဆီကျစေတဲ့အရာတစ်ခုမဟုတ်ပါ။ Catechin လို့ခေါ်တဲ့ အင်တီအောက်စီဒင်းများက အစာချေဖျက်မှုနဲ့ အဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို တိုးမြင့်ပေးပါတယ်။ ဂရင်းတီးမျှာ အစာချေဖျက်မှုအားကောင်းစေပြီး အလေးချိန်လျော့ကျစေတဲ့ အင်တီအောက်စီဒင်းတွေ ပါဝင်ပါတယ်။ မိမိခန္ဓာကိုယ်အလေးချိန်ညွန်းကိန်းမှာလည်း သိသိသာသာ ကျဆင်းစေပါတယ်။  

Ref: Indiatimes

No comments

Powered by Blogger.