မြန်မာလုပ်သားနှစ်ဦးအတွက် အထက်တရားရုံးများတွင် အစွမ်းကုန် ဆက်လက်ကြိုးစားမည်ဟု ထိုင်းရှေ့နေများကောင်စီထုတ်ပြန်


မြန်မာသံရုံးအဖွဲ့မှတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံရှေ့နေများကောင်စီမှတာဝန်ရှိသူများ တရားရုံးသို့တက်ရောက်နားထောင်ရန် ရောက်ရှိလာစဉ် (ဓာတ်ပုံ - ငြိမ်းချမ်း)
 သေဒဏ်ကျခံရ သော မြန်မာလုပ်သားနှစ်ဦး၏အ မှုသည် အဆုံးသတ်သွားခြင်းမ ဟုတ်ဘဲ အထက်တရားရုံးများ တွင် အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ပြီး မြန်မာပြည်သူများအနေ ဖြင့် ထိုင်းနိုင်ငံ၏ တရားရေးကဏ္ဍ ကို ယုံကြည်ပေးစေလိုကြောင်း မြန်မာလုပ်သားနှစ်ဦးအမှုကို အ ကျိုးဆောင်ပေးနေသော ထိုင်းနိုင် ငံရှေ့နေများကောင်စီက သတင်း ထုတ်ပြန်သည်။

မြန်မာလုပ်သားနှစ်ဦး၏ အ မှုကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး၏တောင်းဆိုချက်အ တိုင်း ကူညီမှုများပေးနေပြီး အ ထက်တရားရုံးများတွင် ပိုမိုထင် ရှားပြတ်သားသော သုံးသပ်ချက် များရရှိလိမ့်မည်ဟု ယုံကြည် ကြောင်း ရှေ့နေများကောင်စီနာ ယကရှေ့နေကြီး ဒေ့ခ်ျဥဒုမ်ကရိုင် ရစ်က ဒီဇင်ဘာ ၂၆ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာလုပ်သားနှစ်ဦး၏ မိ သားစုနှင့် မြန်မာပြည်သူများအ နေဖြင့် ရှေ့နေများကောင်စီမှ ၀ါ ရင့်ရှေ့နေများနှင့် စေတနာ့ဝန် ထမ်းရှေ့နေများ၏ အထက် တရားရုံးတွင် အစွမ်းကုန်ကြိုးစား ပေးမည်ကို ယုံကြည်စိတ်ချစေလို ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး၊ မြန်မာလုပ်သားနှစ်ဦး ၏ မိဘများ၊ မြန်မာသံရုံးအထူးအ ဖွဲ့တို့နှင့်လည်း ဒီဇင်ဘာ ၃၀ရက် တွင် ရှေ့နေများကောင်စီက အမှု နှင့်ပတ်သက်၍  ဆွေးနွေးသွား မည်ဟု ဖော်ပြထားသည်။

‘‘ရှေ့နေများကောင်စီအနေ နဲ့ မြန်မာပြည်သားတွေဟာ ထိုင်း နိုင်ငံရဲ့ တရားစီရင်ရေးစနစ်အ ဆင့်ဆင့်ကို သိစေလိုတယ်လို့ထင် တယ်။ အခု ဆန္ဒပြတောင်းဆိုကြ တဲ့အခါမှာ တချို့တောင်းဆိုချက် တွေက တရားစီရင်ရေးကို နား လည်မှုလွဲနေတဲ့ သဘောတွေ တွေ့ရလို့ရယ်၊ အဲဒီလို လွဲနေတဲ့ နားလည်မှုတွေကို အခြေခံပြီး မ ဖြစ်သင့်တာတွေဖြစ်လာမှာကို စိုး ရိမ်တဲ့သဘောမြင်ရတယ်။ ထို့အ တူ ထိုင်းရှေ့နေများကောင်စီအ နေနဲ့ ဒီအမှုမှာ တရားစီရင်ရေးအ ဆင့်ဆင့်ပြီးဆုံးသည်အထိ ဆက် လက်ကူညီသွားမယ်ဆိုတာကို ထပ်လောင်းအတည်ပြုတဲ့ သ ဘောလို့မြင်ပါတယ်’’ဟု မြန်မာ လုပ်သားနှစ်ဦး၏အရေးကို ကူညီ ဆောင်ရွက်ပေးနေသော ရွှေ့ ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် MWRNဥက္ကဋ္ဌဦးစိန်ဌေး ကပြောသည်။

7daynews

No comments

Powered by Blogger.