‘ယောက်ျားကလည်း သားစိတ်နဲ့ သေသွားတာ။ သားကို ပြန်ခေါ်သွားမယ် ပြောထားတာ’’ သေဒဏ်ချမှတ်ခံရသူ ၀င်းဇော်ထွန်း၏ မိခင်နှင့်တွေ့ဆုံခြင်း


လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ကျခံရသော ၀င်းဇော် ထွန်း၏ မိခင် ဒေါ်မေသိန်းသည် သား၏အပူကြောင့် မအိပ်နိုင်၊ မ စားနိုင်ဖြစ်ပြီး ကျန်းမာရေး ချို့ ယွင်းလျက်ရှိသည်။ ခင်ပွန်း ဦး ထွန်းထွန်းထိုက်ကလည်း သား စိတ်နှင့်ပင် စိတ်ဝေဒနာ ခံစားရကာ ယခုနှစ်ပိုင်းအ တွင်း ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ကော့စမွီကျွန်းတွင် ရှိနေသော ဒေါ်မေသိန်းကို 7Day Daily က တွေ့ဆုံမေးမြန်းခဲ့သည်။ နေ့ရောညပါ ငိုကြွေးနေသော ကြောင့် မေးခွန်းအနည်းငယ်သာ မေးမြန်းထား၍ ယင်းတို့ကို ဖော် ပြလိုက်ပါသည်။

အန်တီကော့စမွီမှာပဲ ဆက်နေနေ ဦးမှာလား။ရန်ကုန်ပဲပြန်တော့မှာ လား။

လကုန်တဲ့အထိနေမယ်။ မနက်ဖြန် သားရှိတဲ့ထောင်ကို သွားမယ်။ တနင်္လာနေ့မှာသားဆီ ထောင်ဝင်စာသွားတွေ့မယ်။ လ ကုန်ရင်တော့ ရန်ကုန်ပြန်တော့မယ်။ သားကိုပဲ သတိရနေတယ်။ ဘယ်လိုပြောရမလဲသားရယ်အန်တီလည်း အသက်ထွက်သလိုဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သေချင်တယ်။ အဲဒီလိုဖြစ်နေတယ်။

အမိန့်ချတဲ့နေ့က ၀င်းဇော်ထွန်းကို သေဒဏ်အပြစ်ပေးမယ်လို့ ထင် ထားလား။လွတ်မယ်လို့ ထင်ထား လား။

ဒီလောက်အထိတော့ မထင် ဘူးလေ။ လွတ်မယ်လို့တော့ ထင် ထားတာ။ တစ်ကမ္ဘာလုံးကသိနေ ကြတယ်လေ။ ကျွန်မသားလေး မဟုတ်ဘူးဆိုတာ။ အမိန့် ချမယ့်နေ့က သားကိုလွတ်မယ်လို့ ထင်ထားတာ။

အန်တီက လကုန်ရင် ပြန်တော့ မယ်ဆိုတော့ ဟိုမှာသားသမီးတွေ ရှိသေးလား။ ဘယ်သူနဲ့နေနေတာ လဲ။

       အန်တီ့မှာသားက နှစ်ယောက်ရှိတယ်။ ချွေးမရှိတယ်။ မြေးတစ်ယောက်ရှိတယ်။ အန်တီ့မှာယောက်ျားကလည်း သားစိတ်နဲ့ သေသွားတာ။ သားကို ပြန်ခေါ်သွား မယ် ပြောထားတာ။ အန်တီက ရွာပြန်လို့ရှိရင် ဘယ်လိုနေရမလဲ။ (ငိုရင်းပြောသည်။)

အခုညဘက်တွေကော အိပ်ပျော် ရဲ့လား။

လူက ကောင်းတယ်။ စိတ် ကမကောင်းဘူး။ စိတ်က သား ကိုပဲ လွမ်းလွမ်းနေတယ်။ ရွာမှာ ဆိုရင် တစ်ရွာလုံးမျက်ရည်ကျနေ ကြတယ်။ ရွာမှာဆိုလည်း သူက လူချစ်လူခင်ပေါတယ်။ အန်တီတို့ မိသားစုကို လူတွေက ချစ်ကြ တယ်။ သူ့အဘွားကတောင်မှ အိပ်မပျော်ဘူးတဲ့။ ဒီမှာနေရင် သားမျက်နှာမြင်ရရင် အန်တီက နေကောင်းတယ်။ ရွာမှာနေရင် သား သတင်းကို ဘာမှမကြားရ ဘူး။ အဲဒီလိုဖြစ်နေတယ်။ (ငို ရင်းပြောသည်)။

အမိန့်ချတဲ့နေ့က ၀င်းဇော်ထွန်းက အန်တီ့ကို ဘာပြောလဲ။

သားကလွတ်မှာပါအမေ။ စိတ်မပူပါနဲ့လို့ ပြောသွားတယ်။ နောက်ဆုံး သားမျက်နှာလေး တောင်မမြင်လိုက်ရဘူး။ နောက် ဆုံး  ခေါ်သွားတာလေးတောင် မမြင်လိုက်ရဘူး။  (ငိုရင်းပြော သည်။)

အန်တီ့သားအတွက်နဲ့ အစိုးရကို ကော ဘာပြောချင်တာရှိလဲ။

ကျွန်မ သားမှာ အပြစ်မရှိပါဘူး။ ၀ိုင်းဝန်းကူညီကြပါလို့ တောင်းဆိုချင်တယ်။ အမှုမှန်ကို ဖော်ထုတ်ပေးပါနော်။ သားအ တွက်ရော၊ အမှုအတွက်ရော အ ကုန်လုံးအတွက် အမှုမှန် ဖော် ထုတ်ပေးပါလို့။ တစ်ကမ္ဘာလုံးက လည်း ကူညီကြပါလို့။ သူတို့သတ် ရင်လည်း အန်တီဖြေလို့ရ တယ်။ ဘာမှမဟုတ်ဘူး။ သတ်တဲ့ သူကျဘာမှ မလုပ်ဘူး။ မသတ်တဲ့ သူကျ သေဒဏ်ပေးတယ်။ ၀ိုင်း ၀န်းကူညီကြပါလို့ ပြောပေးပါ နော်။ (ငိုရင်း ပြောသည်။)

ကျေးဇူးတင်ပါတယ်။      ။
7daynews

No comments

Powered by Blogger.