ကားမောင်းသင်သူတွေအနေနဲ့ သင်တန်းကြေးအစား နည်းပြဆရာကို လိင်ဆက်ဆံမှုပေးနိုင်တဲ့ ဥပဒေ ကို နယ်သာလန်နိုင်ငံမှာ တရားဝင်ပြဌာန်း


‘Ride for a ride’ လို့ အမည်ပေးထားတဲ့ ဥပဒေအသစ်အရ ကားမောင်းသင်ပေးတဲ့ နည်းပြဆရာတွေဟာ သူတို့  သင်တန်းသူ/သင်တန်းသား တွေကို သင်တန်းကြေးပိုက်ဆံအစား လိင်ဆက်ဆံပျော်ပါးဖို့ အတွက် ကမ်းလှမ်း တောင်းဆိုနိုင်ပြီဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံက ပြဌာန်းလိုက်တဲ့ ဥပဒေသစ်အရ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ကားမောင်းသင်တဲ့ သင်တန်းသူ/သား တိုင်းဟာ ပိုက်ဆံမရှိ၊ ပိုက်ဆံပြတ်နေပါက သင်တန်းဆရာကို လိင်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးမှု ပေးနိုင်တော့ မှာဖြစ်ပါတယ်။ ဟော်လန် ခေါ် နယ်သာလန်နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားဝင်လုပ်ငန်းတစ်ခုဖြစ်ပြီး၊ လူတစ်ယောက်ဟာ သက်တမ်း မကုန်သေးတဲ့ပြည့်တန်ဆာလိုင်စင်ရှိပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရဲ့ အခြေခံနှုန်းထားအတိုင်း အခွန်ပေးဆောင်ပါက၊ ပြည့်တန်ဆာအလုပ်ကို တရားဝင်လုပ်ကိုင်နိုင်ပါတယ်။

ယခုဥပဒေမှာ သင်တန်းသူ/သားတွေဟာ ပြည့်တန်ဆာလိုင်စင်မရှိနိုင်တာကြောင့် တရားဥပဒေနဲ့  ဖီဆန်နေတယ်လို့ ဝေဖန်နေသူတွေလည်း အများအပြားရှိပြီး ဥပဒေကို ပယ်ဖျက်ဖို့  Christian Union ပါတီက Gert-Jan Segers က ကြိုးစားခဲ့ပေမယ့် လွှတ်တော်အတွင်းမှာ အတိုက်အခံတွေနဲ့ ထိပ်တိုက်တွေ့ ခဲ့ကာ မအောင်မြင်ခဲ့ပါဘူး။

ဒီဥပဒေပြဌာန်းပြီးနောက် အင်တာနက်မှာ "Ride for a Ride" ရှာဖွေမှု သိသိသာသာ မြင့်တက်သွားခဲ့ပါတယ်။

Ref: Daily Star 

No comments

Powered by Blogger.