မိန်းကလေးဘက်က သင့်ကို ဆွဲဆောင်နေပြီဆိုတာ သိနိုင်တဲ့အချက် (၃) ချက်


အမျိုးသားတွေဟာ အမျိုးသမီးတွေ သူတို့ကို အပြုအမူတစ်ခုခုနဲ့ ဖိုမကိစ္စ ဆွဲဆောင်နေပြီလားဆိုတာ သိလိုကြပါတယ်။အဲ့ဒီလို သိရမှ ဘယ်လိုတစ်ဆင့်တက်ပြီး ချဉ်းကပ်ရမယ်ဆိုတာ သိရမယ် မဟုတ်လား။ အမျိုးသမီးတစ်ယောက်ရဲ့ ဘယ်အပြုအမူမျိုးမှာ ဖိုမကိစ္စ ဆန္ဒရှိနေကြောင်း ဖော်ထုတ်နိုင်မယ်ဆိုရင်တော့ အမျိုးသားတွေအတွက် အစစအရာရာအပြောင်းအလဲဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် တစ်ချက်ရှိသေးတာက အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်အချိန်မှာ ဖိုမကိစ္စဆန္ဒပြင်းပြကြောင်း အပြုအမူတွေ ပြတယ်ဆိုတာ တပ်အပ်ပြောဆိုဖို့ အမြဲတမ်းတော့ မလွယ်ကူဘူးဆိုတာပါပဲ။  အမျိုးသမီးတစ်ယောက်အနေနဲ့ အဲဒီလို စိတ်ဆန္ဒရှိနေတဲ့အချိန် ပြုမူတဲ့ ကိုယ်ဟန်အမူအရာတချို့တော့ ရှိပါတယ်။

၁။ မျက်နှာမခွာနိုင်ဘဲ စေ့စေ့ကြည့်ခြင်း

သင်နဲ့ မျက်လုံးချင်းဆုံမိပြီး အနည်းငယ်ကြာအောင် စေ့စေ့ကြည့်နေပြီဆိုရင် ဒါ ကောင်းမွန်တဲ့ သင်္ကေတတစ်ခုအဖြစ် မှတ်ယူလို့ ရပါတယ်။ ဒါပေမယ့် အဲဒီလို မျက်လုံးချင်းဆိုင်ကြည့်တဲ့ အမျိုးသမီးတိုင်းကို ဖိုမကိစ္စဆန္ဒရှိသူလို့ မယူဆချင်ပါဘူး။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ထံမှ ကိုယ့်ကို စေ့စေ့ကြည့်ခံရပြီဆိုရင် ဒါ မိမိကို စိတ်ဝင်စား ဆွဲဆောင်နေပြီလို့ ယူဆနိုင်ပါတယ်။

၂။ ခန္ဓာကိုယ်ချင်းနီးကပ်မှုရှိအောင် ကြံစည်

မိမိအနီးနားရောက်အောင် ကြိုးပမ်းအားထုတ်လေလေ မိမိကို ဆွဲဆောင်နေပြီဆိုတာ ပိုသေချာလေလေဖြစ်ပါတယ်။ အမြဲတမ်းမဟုတ်ပေမယ့် များသောအားဖြင့် မှန်ပါတယ်။ သာဓကအနေဖြင့် ကလပ်တစ်ခုမှာ မိန်းကလေးတစ်ယောက်ထံမှ စေ့စေ့ကြည့်ခံနေရပြီး သင့်ဆီ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီဆိုပါက အဲဒီအချိန်ဟာ သင့်အတွက် နောက်တစ်ဆင့် လှုပ်ရှားဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

၃။ ကိုယ်ကိုထိတွေ့ကိုင်တွယ်

ခန္ဓာကိုယ်ကို အငမ်းမရ လာကိုင်နေပြီဆိုရင် ကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီလိုအထိအတွေ့ လာလုပ်တိုင်း ဆွဲဆောင်နေတာ မဟုတ်ပေမယ့် စနောက်ပြီးဒီလို လုပ်လာတယ်ဆိုရင်တော့ မိမိကို သူမ တကယ်ဆွဲဆောင်နေတဲ့ အပြုအမူအဖြစ် မှတ်ယူရပါမယ်။  

Ref: Tipsmill

No comments

Powered by Blogger.