သွားကိုက်ဝေဒနာ ချက်ချင်း သက်သာစေမယ့် နည်းလေး


သွားကိုက်ဝေဒနာ ဖြစ်တိုင်း Anbesol နဲ့ Orajel ကို လူအများစု သောက်ကြပါတယ်။ ဒါပေမယ့် ဒီသမားရိုးကျ အကိုက်အခဲပျောက်ဆေးနှစ်ခုလုံးမှာ ဓာတ်မတည့်မှုဖြစ်ခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်တဲ့ benzocaine ထုံဆေးတစ်မျိုး ပါဝင်ပါတယ်။

အခြားတစ်ဖက်မှာလည်း နောက်ဆုံး သုတေသနပြုချက်မှာ ကြက်သွန်ဖြူအဆီက သွားကိုက်ဝေဒနာကို ထိရောက်စွာ ဖြေရှင်းနိုင်ကြောင်း ဖော်ပြပါတယ်။ ဒီသဘာဝဆေးနည်းကို သွားကိုက်ဝေဒနာ သက်သာစေရာမှာ အင်မတန် အစွမ်းထက်ကြောင်း သတ်မှတ်ပြီး လူမျိုးနွယ်စု အတော်များများက သွားကိုက်ဝေဒနာ ကုသဖို့ ဒါကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။

သွားပေါ်ကနေ ကြက်သွန်ဖြူတင်ထားခြင်းဖြင့် သွားကို ထုံစေပြီး အကိုက်အခဲ သက်သာစေပါတယ်။ ဒီ့ပြင် ကြက်သွန်ဖြူစိတ်လေးတွေက နည်းလမ်းပေါင်းစုံ အသုံးတည့်ပါတယ်။ သူ့မှာ အစားချေ ချက်အားနဲ့ အရိုးသန်မာခြင်း အတွက် အရေးကြီးတဲ့ မဂ္ဂနစ်(စ်)ဒြပ် ကြွယ်ဝပါတယ်။ သွေးလည်ပတ်မှု လှုံ့ဆော်ပြီး နှလုံးသွေးကြောစနစ်အတွက် ကောင်းမွန်တဲ့ eugenol ဓာတုပစ္စည်း တစ်မျိုးလည်း ပါဝင်ပါတယ်။ နောက်ပြီး ကြက်သွန်ဖြူမှာ ကိုယ်ခံစားကောင်းစေတဲ့ အစွမ်းထက် အင်တီအောက်စီဒင်းပါဝင်ပါတယ်။
trend

No comments

Powered by Blogger.