ကမ္ဘာကျော်အနုပညာရှင်တွေ ပြောပြတဲ့ သူတို့ကြုံခဲ့ရတဲ့ ၀က်ခြံပြသနာများ


ဆယ်ကျော်သက်အရွယ်ကစပြီး ပျိုမေတွေ အနည်းနဲ့အများ ကြုံတွေ့ရလေ့ရှိတဲ့ ၀က်ခြံပြသနာကို ကမ္ဘာကျော် မင်းသား၊ မင်းသမီး အနုပညာရှင်တွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ နည်းပညာတွေ ဘယ်လောက်တိုးတက်နေပါစေ၊ ၀က်ခြံနဲ့ပတ်သက်တဲ့ ဆေးတွေ၊ အလှကုန်တွေ ဘယ်လောက် အသစ်ထွက်လာထွက်လာ သူတို့ကိုယ်တိုင် ဒီပြသနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြရသလို အချိန်အတော်ကြာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရဖူးပါတယ်တဲ့။ အဲ့ဒီအကြောင်း ကမ္ဘာကျော်မင်းသမီးတွေက ခုလို ဖွင့်ဟထားပါတယ်။

၁။ Cameron Diaz

ကမ္ဘာကျော်မင်းသမီး Cameron Diaz ပြောပြသွားတဲ့ သူမ ကြုံခဲ့ရတဲ့ ၀က်ခြံပြသနာကတော့ "ကျွန်မရဲ့အသားအရေက အရမ်းကို ဆိုးပါတယ်။ ကျွန်မမှာ ဒီအသားအရေနဲ့ ပတ်သက်ပြီး စိတ်ပျက်ရတာ၊ စိတ်ရှုပ်ရတာ၊ ရှက်စရာတွေလည်း ကြုံခဲ့ဖူးပါတယ်။  မျက်နှာအသားအရေ မကောင်းလို့ အဖုအပိန့်ပြသနာကို တော်တော်လေး ကြုံခဲ့ရတယ်။ အဲ့ဒီအတွက် သုံးတဲ့အလှကုန်၊ ဆေး၊ တရားထိုင်တာတွေ နည်းတွေကို စုံအောင် သုံးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ကျွန်မမှာ ကင်မရာရှေ့ရောက်ရင် ကြည့်ကောင်းအောင် အမြဲမိတ်ကပ်တွေနဲ့ ဖုံးခဲ့ရတယ်"လို့ ၂၀၁၄ခုနှစ်တုန်းက The Body Book ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ပါတယ်။

၂။Katy Perry

CoverGirl နဲ့ စာချုပ်ချုပ်ထားတဲ့ Katy Perry ကိုကြည့်လိုက်ရင် ရဲရင့်တဲ့အကြည့်တွေကြောင့် ပျိုမေတွေအားလုံး ကြွေသွားရသူပါ။ ဒါပေမယ့် အဲ့ဒီရဲ့နောက်ကွယ်မှာ ပြသနာတွေ ရှိနေပါတယ်။ "ကျွန်မကိုယ်ကျွန်မ စိတ်မလုံမခြုံဖြစ်ရတဲ့ အရာတစ်ခုက ကျွန်မမျက်နှာပေါ်က ၀က်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေပါပဲ"လို့ သူမက Cosmopolitan ကို ပြောပြခဲ့ပါတယ်။ ကျွန်မမှာ ဒါတွေကို အုပ်ဖို့ မိတ်ကပ်တွေအမြဲထူလပျစ်လိမ်းခဲ့ရပါတယ်တဲ့။

၃။ Rihanna

ခပ်မိုက်မိုက်နဲ့ အထာကျကျနေတတ်သူ Rihanna ကလည်း "ကျွန်မအသားအရေအတွက် ကျွန်မမှာ အရက်လည်း ဖြတ်ရတယ်၊ ရေတွေလည်း ပိုသောက်ခဲ့ရတယ်။ အသားအရေပေါ်က အနာအဆာတွေကို လူတွေ သတိမထားမိအောင် နှုတ်ခမ်းနီကို သေချာဆိုးပြီး လူတွေရဲ့အာရုံကို အဲ့ဒီမှာပဲ ရောက်နေအောင် ကြိုးစားခဲ့ရတယ်"လို့ သူမက ပြောပြသွားပါတယ်။

၎။Emma Stone

ဟောလီးဝုဒ်ရဲ့ အမိုက်စား မင်းသမီးတစ်လက်ဖြစ်တဲ့ Emma Stone ကလည်း ကင်မရာတွေရှေ့ သူမရဲ့ဝက်ခြံတွေ မပေါ်အောင် တော်တော်လေး ကြိုးစားခဲ့ရတယ်လို့ Refinery 29 အင်တာဗျုးမှာ ဆိုသွားပါတယ်။ "Easy A ရိုက်တုန်းကဆို စိတ်ဖိစီးမှုတွေများပြီး ၀က်ခြံတွေပါ ထွက်လာတာ။ ၀က်ခြံတွေ ရှိတော့ လူက ရှက်သလိုလို ယုံကြည်မှုပဲမရှိသလိုလို ဖြစ်နေရော။ ဒီတော့ ၀က်ခြံပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းမျိုးစုံနဲ့ တော်တော်လေး နပန်းလုံးခဲ့ရတယ်"လို့ ဆိုပါတယ်။

၅။Kaley Cuoco

ဆယ်ကျော်သက်တုန်းက ၀က်ခြံပြသနာကို ရင်ဆိုင်ခဲ့ရတဲ့ Kaley Cuoco ကလည်း "ကျွန်မဆယ်ကျော်သက်တုန်းက ၀က်ခြံတွေ အရမ်းထွက်တာ။ အဲ့ဒီတော့ ကင်မရာရှေ့ရောက်ရင် စိတ်ကမလုံဘူး။  တီဗီစီးရီးတစ်ခုရိုက်နေချိန် ခုလို ပြသနာကြုံရတာ တော်တော်လေးကို စိတ်ရှုပ်စရာပါ"လို့ Popsugar ကို ဖွင့်ဟခဲ့ပါတယ်။

Ref:womenshealthmag

No comments

Powered by Blogger.