နာမည်မေ့တတ်တဲ့ ရောဂါကို ဘယ်လို ဖြေရှင်းကြမလဲ


ဒီပြသနာဟာ လူတော်တော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ တစ်ခု အပါအဝင်ပါပဲ။ လူတစ်ယောက်နဲ့ ခဏခဏ ဆုံနေပေမယ့် သူ့နာမည်ကို ဘယ်လိုမှ မမှတ်မိနိုင်ဘူး ဆိုပြီး ငြီးနေတဲ့သူတွေ အများကြီးပါ။ ဒီအကြံပေးချက်လေးတွေကို သင်လိုက်နာမယ် ဆိုရင်တော့ ဒီပြဿနာထဲကနေ အလွယ်တကူ သင်ရုန်းထွက်နိုင်ပါလိမ့်မယ်။

ပြုလုပ်ရမယ့် အချက်တွေကတော့……

ပြန်ရွတ်ပါ : သင် လူအသစ်တစ်ယောက်နဲ့ ပထမဆုံးတွေ့ဆုံတဲ့အချိန်မှာ သူ့နာမည်ကို ထည့်ပြီးတော့ နှုတ်ဆက်ပါ။ “တွေ့ရတာဝမ်းသာပါတယ်၊ မချယ်ရီ” ဆိုပြီးတော့ပေါ့။

စကားလုံးအကူအသုံးပြုပါ : နာမည်နဲ့ လူလိုက်ဖက်မှုရှိအောင် စကားလုံး အကူအသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ “ဝတုတ်ချယ်ရီ” စတဲ့ သူခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် စကားလုံးနဲ့ နာမည်ကို တွဲမှတ်ထားပါ။ ဒီကိစ္စဟာ ပါးစပ်နဲ့ သူ့နာမည်ခေါ်တဲ့ အချိန်မှာ ထုတ်မပြောမိဖို့တော့ သတိထားရလိမ့်မယ်။

မှတ်တမ်းပြုလုပ်ပါ : နာမည်အသစ်ကို ကိုယ်သုံးနေကျ ဖုန်း၊ မှတ်စုစာအုပ်၊ ကွန်ပျူတာ စတဲ့ကိုယ်နဲ့ အမြဲအထိအတွေ့ရှိတဲ့ ပစ္စည်းလေးတွေမှာ မှတ်ထားမယ်ဆိုရင် သူ့နာမည်နဲ့ပိုပြီး ရင်းနှီးလာပါလိမ့်မယ်။

အပေါ်ကအချက်တွေလိုက်နာရင်တောင် ပြဿနာက ထပ်ပြီးရင်ဆိုင်နေတုန်းပဲဆိုရင်တော့…….

တစ်စုံတစ်ယောက်ရဲ့ နာမည် မမှတ်မိနိုင်ဘူးဆိုရင်တောင် သူနဲ့ ပထမဆုံးတွေ့ဆုံ ပတ်သတ်ခဲ့တဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်ပြီး မှတ်မိနိုင်ပါတယ်။  အဲဒါကြောင့် “ကျွန်တော်က နာမည်မှတ်မိတဲ့နေရာမှာ အရမ်းညံ့တာ၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော် ကိုသန့်စင်မွေးနေ့မှာ ဆုံခဲ့ကြတာတော့ မှတ်မိပါတယ်” ဆိုပြီး ကိုယ့်အဖြစ်ကို ကိုယ်ပြန်ဖာထေးလို့ရပါတယ်။

Ref:womenshealthmag

No comments

Powered by Blogger.