လူစည်ကားနေရာများတွင် လုံခြုံရေးတိုးမြှင့်မည်


၂၀၁၆ နှစ်သစ်ကူးကာလမှာ ရန်ကုန်မြို့က လူစုလူဝေးများနိုင်မယ့် နေရာတွေမှာ အထူးလုံခြုံရေး ရဲဝန်ထမ်းတွေ ချပြီး လိုအပ်သလို လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောပါတယ်။

နှစ်သစ်ကူးကာလမှာ ရန်ကုန်မြို့က လူစည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ အင်လျားကန်၊ ကန်တော်ကြီး၊ သုဝဏ္ဏနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်မယ့်နေရာတွေမှာလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံက လှူဒါန်းထားတဲ့ ရဲကား ၄၅ စီးကိုလည်း ရန်ကုန် ၄၅ မြို့နယ်အတွင်း တကားစီ လှည့်လည်မှာ ဖြစ်သလို တုတ်း၊ ဓား လက်နက်ကိုင်ဆောင်မှု ရှိမရှိကိုလည်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တ၀ှမ်း နှစ်သစ်ကူးညပွဲကို ဆင်နွှဲရာမှာ ယာဉ်မတော်တဆမှုတွေ၊ ခိုက်ရန်ဖြစ်ပွားတာတွေ နှစ်တိုင်းလို ဖြစ်လေ့ရှိပြီး အဲဒီထဲမှာ ရန်ကုန်မြို့ကတော့ အများဆုံး ဖြစ်ပွားလေ့ ရှိပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.