အမျိုးသားတစ်ဦးက သူ့ရဲ့ ပြတ်သွားတဲ့ လက်ချောင်းကို ၁၃ နှစ်ကြာပြီးနောက် ခြေချောင်းနဲ့ အစားထိုးကုသ


ဒါမယုံနိုင်စရာပါပဲ လို့ ၄၂ နှစ်အရွယ် Liu က  သူ့ရဲ့ ပြတ်သွားတဲ့ လက်ချောင်းကို သူ့ခြေချောင်းတစ်ချောင်းနဲ့ အစားထိုး ကုသမှုခံယူပြီးနောက် ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအရှေ့ဘက် Anhui Province က Chuzhou မြို့ခံ တစ်ယောက်ဖြစ်တဲ့ Liu ဟာ စက်ယန္တရား ထိန်းချုပ်လည်ပတ်စေရင်း လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က မတော်တဆ လက်ညှိုးပြတ်သွားခဲ့တာဖြစ်ပြီး အဲဒီတုန်းက ပြန်မရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း Liu ဟာ သူ့လက်ချောင်း နဂိုအတိုင်းပြန်ဖြစ်စေဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းကို ရှာခဲ့ပေမယ့် အကျိုးမဲ့ ဖြစ်ခဲ့ရပါတယ်။

ဒီ ဒီဇင်ဘာအတွင်း အစားထိုးကုသနည်းလမ်းတစ်ခု ကြားသိပြီးနောက်ပိုင်း မျှော်လင့်ချက်သစ် သူ တွေ့ရှိသွားခဲ့ပါတယ်။ Henan ခရိုင်ပြည်သူ့ဆေးရုံက ဆရာဝန်တစ်ဦး ဖြစ်တဲ့ Xie Zhenjun က Liu ရဲ့ ဘယ်ဘက်ခြေထောက်မှ ဒုတိယမြောက်ခြေချောင်းကို ယူပြီး ခွဲစိတ်ချိန် ၄ နာရီအတွင်း အစားထိုးကုသပေးခဲ့ပါတယ်။

ပြန်ဆက်ထားတဲ့ လက်ချောင်းက အခြေအနေကောင်းမွန်နေပါတယ်။ ၂ လတွင်း ကောင်းမွန်စွာ အသုံးချနိုင်မယ်လို့ သူမျှော်လင့်ကြောင်း ဆရာဝန်က ဆိုပါတယ်။ နောက်ပြီး သူက ခြေလက်အင်္ဂါ ထိခိုက်မှုဖြစ်တဲ့ လူနာတွေက နဂိုအတိုင်းပြန်ဖြစ်ခြင်း အခွင့်အလမ်း ပိုမိုရရှိစေဖို့ အမြန်ဆုံး ကုသမှုခံယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ 

Ref: CCTVNews

No comments

Powered by Blogger.