အိပ်နေရင်းလည်း ဗိုက်သားအဆီ ချနိုင်ပြီ


မိမိခန္ဓာကိုယ်မှ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို အစာချေဖျက်မှုအားအဖြစ် သိရပါတယ်။ မိမိစားသုံးတဲ့အရာကို ပါးနပ်စွာ ရွေးချယ်တတ်ခြင်းက အိပ်နေတဲ့အချိန်မှာတောင် အစာချေဖျက်အားကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။အောက်မှာ သင်စမ်းသပ်သောက်နိုင်တဲ့ ကယ်လိုရီလောင်ကျွမ်းစေတဲ့ ဖျော်ရည်လေးအကြောင်း ပြောပြပေးထားပါတယ်။ ဒီဖျော်ရည်က မိမိအိပ်စက်နေစဉ်မှာတောင် အကျိုးသက်ရောက်မှုရှိပြီး ပိုမိုတက်ကြွပေါ့ပါးစွာ မနက်ခင်း အိပ်ယာထစေမှာ ဖြစ်ပါတယ်။

ပါဝင်သည့် ပစ္စည်းများ

ရှားစောင်း လက်ပတ်ရည် ထမင်းစားဇွန်း (၁) ဇွန်း

ဂျင်းခြစ် ထမင်းစားဇွန်း (၁) ဇွန်း

သခွားသီး (၁) လုံး

သံပုယိုသီး (၁) လုံး

ရေ ဖန်ခွက် တစ်ပိုင်း

တရုတ်နံနံကြံ တစ်ခက်

လမ်းညွှန်ချက်

၁။ ပါဝင်ပစ္စည်းအားလုံးကို ပေါင်းထည့်ပါ။

၂။ သစ်သီးဖျော်စက်ဖြင့် ကြိတ်ရပါမယ်။

၃။ ညအိပ်ရာမဝင်ခင် ဖန်ခွက် (၁) ခွက်သောက်ပေးပါ။

အကျိုးသက်ရောက်ပုံ

ညမအိပ်ခင် ဒီဖျော်ရည် (၁) ခွက်လေး သောက်ရုံဖြင့် အဆီကျစေပါတယ်။ အထူးသဖြင့် ဗိုက်သားအဆီ ကျစေပါတယ်။ ဒီဖျော်ရည်မှာ ပါဝင်တဲ့ပစ္စည်းတွေက အစာချေဖျက်ခြင်းကို တဟုန်ထိုး စတင်ဆောင်ရွက်စေပါတယ်။ ဒါ့ကြောင့် အိပ်နေစဉ်ပင်လျှင် အဆီကို ဆက်လက် လောင်ကျွမ်းနေစေပါတယ်။

Ref:1mhealthtips 

No comments

Powered by Blogger.