တနင်္လာနေ့မနက်တိုင်း လုပ်လေ့ရှိတဲ့ အချက် (၅) ချက်


ပိုကောင်းတဲ့အရာတစ်ခုနဲ့ ရက်သတ္တပတ်ထဲက တစ်ရက်ရက်ကို ကျွန်တော်တို့ အစားထိုးလို့ရတဲ့ နည်းတစ်ခုလောက် ရှိခဲ့မယ်ဆိုရင်  တနင်္ဂလာနေ့(Monday) ကို တနင်္ဂနွေအပိုင်း (၂) (Sunday Part 2)လို့ နာမည်ပေးကောင်းပေးမိပါလိမ့်မယ်။ ပိုကောင်းတယ် မဟုတ်ဘူးလား။ မင်းအလုပ်ကို သဘောကျတယ်ဆိုရင် တနင်္လာနေ့ရောက်လာဖို့ မင်းမျှော်နေလိမ့်မယ် ဆိုတဲ့စကားကို ကျွန်တော်တို့ သိထားကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ထဲက ဘယ်နှစ်ယောက်က အဲ့ဒီလိုတကယ် မျှော်လင့်သလဲဆိုတာ သံသယရှိစရာတော့ဖြစ်နေသေးတယ်။ အလုပ်ကို သဘောကျရင်ကျ သဘောမကျချင်ရင်နေ။ ဒီလိုလေးတော့ပြောရအောင်။ တနင်္လာနေ့မနက်တွေကတော့ မုန်းဖို့ကောင်းတယ်။ ဒါဆို အောင်မြင်တဲ့လူတွေ တနင်္လာမနက်တွေမှာ ဘာတွေလုပ်နေကြလဲ။ စာရင်းလေးတစ်ခု ကြည့်ရအောင်။ နောက်ပြီး လိုက်လုပ်ကြည့်ဖို့ မဆိုးဘူးလို့လည်း မှတ်ယူရအောင်။ ကျွန်တော်တို့အတွက် အလုပ်တော့ဖြစ်ခဲ့တယ်။ အနည်းဆုံးတော့ တနင်္လာနေ့ကို နာမည်ပြောင်းပေးချင်တဲ့စိတ် မရှိတော့ဘူးပေါ့။

ဒါတွေကို လိုက်လုပ်ကြည့်သင့်တယ်!

မနက်စောစောထပါ

အားလုံးပါတီပွဲတွေ ကျင်းပလို့ ကခုန်နေကြရတာကြောင့် စနေ၊ တနင်္ဂနွေညတွေမှာ စောစောအိပ်ရာဝင်ဖို့ကျတော့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ Sunday ညမှာ သက်တောင့်သက်သာနေပြီး တနင်္လာနေ့ မနက်စောစောထပါလို့ အကြံပေးချင်တယ်။ တနေ့တာ လုပ်ငန်းကို စောစောစီးစီး စတင်မယ်ဆိုရင် တစ်နေ့တာလုံး အလုပ်တွေ ပိုမိုပြီးမြောက်နိုင်ဖို့ အချိန်တွေရရှိပါတယ်။ ရေမိုးချိုးမယ့်အချိန်၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်မယ့်အချိန် (သို့) ရုံးကိုစောစောရောက်ပြီး အလုပ်တွေမြန်မြန်ပြီးအောင် စောစောအလုပ် စတင်နိုင်ပါတယ်။

GYM ကစားပါ

ပြေးပါ။ (သို့) ရေကူးပါ။ ကိုယ်ကာယလေ့ကျင့်ခန်းတချို့လုပ်ပေးပါ၊ တနေ့ လုံး လန်းဆန်းမှုဖြစ်စေပါလိမ့်မယ်။ မနက်လေ့ကျင့်ခန်းလုပ်ခြင်းက တနေ့သာလန်းဆန်းသက်ကြွစေဖို့အတွက်သာ မဟုတ်ဘဲ တစ်ပတ်လုံးအတွက်လည်း ဖြစ်ပါတယ်။ ဦးနှောက်ကို ကြည်လင်စေပြီး စိတ်ပူပန်မှုတွေလျော့ကျကာ ပျော်ရွှင်မှုကို ရရှိစေပါလိမ့်မယ်။ တနင်္လာနေ့မနက်မှာ မျက်နှာပြုံးပြုံးထားပေးဖို့လည်း အရမ်းအရေးကြီးပါတယ်။

ခရီးသွားပါ

တစ်နာရီကျော်ကျော်လောက် မီးရထား (သို့) မြို့ပတ်ရထားစီးခြင်းက သင့်အတွက် အကြံကောင်းတော့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရှောင်လွဲလို့မရတဲ့အရာဆိုရင် ကောင်းဘက်သို့လှည့်ပေးတတ်ရမယ်။ တနေ့တာအတွက် စိတ်ခံစားချက်ပေးနိုင်တဲ့ သီချင်းမျိုးကို နားထောင်ပါ။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်မယ် စာအုပ်တစ်ခုခုကို ဖတ်ပါ။ ဒါမှမဟုတ် အဲ့ဒီအချိန်တွေမှာ အီးမေးလ်တွေကို စစ်ပေးပါ။

အီးမေးလ်ကိုဂရုစိုက်ပေးပါ

အလုပ်လုပ်သလို သဘောထားပြီး ဆောင်ရွက်ပါ။ အများစုက စနေ၊ တနင်္ဂနွေရက်အတွင်းက ၀င်လာတဲ့ မီးလ်တွေကို ဂရုစိုက်မကြည့်တတ်ကြဘူး။ ဒါကြောင့် အပုံလိုက် ၀င်လာတဲ့ မေးလ်ထဲအရေးကြီးတဲ့ မေးလ်တွေပျောက်သွားတတ်ပါတယ်။ Monday နေ့ မနက်စောစောစစ်ဆေးပါ။  အရေးကြီးတဲ့ဟာတွေကို ပြန်စာရေးပြီး မလိုအပ်တာတွေကို ရှင်းလင်းပစ်ပါ။

တစ်ပတ်တာအတွက်အစီအစဉ်ဆွဲပါ

အောင်မြင်ချင်တယ်ဆိုရင် အများတကာနေသလို၊ သူတို့လုပ်သလို ရိုးရိုးသာမန်သာနေလို့ မရပါဘူး။ တစ်နေ့ချင်း ဆောင်ရွက်တာထက် တပတ်စာအတွက် အစီအစဉ်တွေကြိုဆွဲထားပါ။ အစည်းဝေးရက်တွေအချိန် သတ်မှတ်ထားပါ။ အရေးကြီးတဲ့ချိန်းဆိုချက်တွေ နဲ့ အဆင်ပြေအောင် အစစအရာရာကို အချိန်စာရင်းဆွဲထားပေးပါ။ အဲ့ဒီလို လုပ်ခြင်းဖြင့် အလုပ်အများကြီးဆောင်ရွက်ပြီးမြောက်နိုင်ပြီးတစ်ချိန်တည်း  အဖိုးမဖြတ်နိုင်တဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်ပါလိမ့်မယ်။

trend

No comments

Powered by Blogger.