ပြစ်ဒဏ်ကျ မြန်မာနှစ်ဦးနှင့်ပတ်သက်၍ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြမှုများကို ဖမ်းဆီးအရေးယူမည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူပြော


 မြန်မာလူငယ်နှစ်ဦးအ ရေးနှင့် ပတ်သက်၍ ထိုင်းသံရုံး ရှေ့သို့ လာရောက်ဆန္ဒပြတောင်း ဆိုမှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ဥပဒေအရ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ရန် ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွဋ် က ပြောကြားသည်။

‘‘ထိုင်းသံရုံး ရှေ့တည့်တည့် ကြီးလာပြီး ဆန္ဒပြလို့မရတော့ ဘူး။ သံရုံးရှေ့လည်း ဖြစ်တဲ့အ တွက် လုံခြုံရေးအရပေါ့။ သံရုံးရဲ့ လုံခြုံရေးအရ ဘယ်လိုမှ ခွင့်ပြု ပေးလို့ မသင့်တော်ဘူး။ နောက် တစ်ခုက လမ်းကြောင်း။ လမ်း ပိတ်ဆို့မှုတွေလည်း အဓိကဖြစ် တယ်လေ။ လုံခြုံရေးအရပေါ့။ အဲ ဒီနားကလည်း သံရုံးတွေက ဆက် နေတော့ သွားထိခိုက်လို့ရှိရင် ကျွန်တော်တို့က လုံခြုံရေးကို အ တိအကျ လုပ်ပေးရမှာပေါ့။ အဲဒီ အတွက်ကြောင့် အဲဒီနေရာတွေ ကိုတော့ ခွင့်ပြုပေးလို့မရပါဘူး’’ ဟု ဒုရဲမှူးကြီးကျော်ထွဋ်က ပြော သည်။

မြန်မာလုပ်သားနှစ်ဦးအရေး ဆန္ဒပြတောင်းဆိုလိုပါက ဥပဒေ အရ ခွင့်ပြုမိန့်တောင်းခံပြီး ဟစ် တိုင်နေရာနှင့် ဗိုလ်စိန်မှန်ကွင်း နေရာများ၌ ခွင့်ပြုပေးမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

 ‘‘အရင်ရက်တွေကလည်း ခွင့်ပြုမိန့်မတောင်းဘူး။ သူတို့က လည်း အေးအေးဆေးဆေးပဲပြော ကြတာဆိုတော့ ခွင့်ပြုပေးတာ ပေါ့’’ဟု ဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။

ဗြိတိန်နိုင်ငံသားခရီးသွားနှစ် ဦးကို သတ်ဖြတ်မှုဖြင့် မြန်မာလူ ငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ဒီဇင်ဘာ ၂၄ ရက်၌ သေဒဏ်ချမှတ်ခဲ့သည်။ ယင်းကို ကျေနပ်မှုမရှိ၍  မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ် လာခဲ့သည်။

အထူးသဖြင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့သို့ လာရောက်ပြီး လမ်းကို ပိတ်ဆို့ဆန္ဒပြကန့်ကွက် နေကာ အဆိုပါ ဆန္ဒပြမှုများကြောင့် ထိုင်းသံရုံးကောင်စစ်ဝန်ဌာနကိုလည်း ယာယီပိတ်ထားရ သည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှ အစပြုသည့် ဆန္ဒပြမှုများသည် နယ်စပ်ဒေသအထိ ပျံ့နှံ့လာသည့် အပေါ် မြန်မာအစိုးရက တားဆီး ပေးစေလိုကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်က ပြောကြားထားသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းနှင့် မြန်မာနယ်စပ်ရှိ ကန်ချနာဘူရီ ခရိုင်အနီးတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာရာ ထိန်းသိမ်းပေးရန် ထိုင်းဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်း ပြည်သူများအနေဖြင့် မြန်မာလုပ် သားနှစ်ဦးအပေါ် ထောက်ခံမှုရှိ နေပြီး ကရုဏာသက်ရောက်နေ ကြောင်းနှင့် မြန်မာပြည်သူများ ဆန္ဒထုတ်ဖော်ရာတွင် လူမျိုးရေး မုန်းတီးမှု၊ အကြမ်းဖက်မှုများ ဖြစ် မလာစေရန်လိုအပ်ကြောင်း၊ အ ကယ်၍ ဖြစ်လာပါက ထိုင်းလူမျိုး များ၏ ထောက်ခံမှုလျော့ကျသွား နိုင်ကြောင်း သေဒဏ်ကျခံမြန်မာ လုပ်သားနှစ်ဦးအရေး ကူညီဆောင် ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်ကပြော သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က လူသတ်မှုနှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးသုံး သပ်ပေးရန် တောင်းဆိုထားမှုကို ဒွန်က ယင်းအမှုကို ဆက်လက်၍ အယူခံဝင်ခွင့် ပေးထားပြီးဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲ တွင် တုံ့ပြန်မှတ်ချက်ပေးခဲ့သည်။
7daynews

No comments

Powered by Blogger.