မွေးစားကလေးငယ်ကို အရှိုးရာထင်အောင်ရိုက်နှက်ဆုံးမခဲ့တဲ့မိခင်ကို
မွေးစားကလေးငယ်ကို အရှိုးရာထင်အောင်ရိုက်နှက်ဆုံးမခဲ့တဲ့မိခင်ကို တရုတ်နိုင်ငံ၊ နန်ကျင်းပြည်နယ်ဒေသဆိုင်ရာ တရားရုံးက ထောင်ဒဏ် ၆ လချမှတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၁၅ ခုနှစ် ဧပြီလမှာ ကျောကုန်းပေါ် အရှိုးရာအစင်းတွေနဲ့ ကလေး ငယ်ရဲ့ပုံတွေ အင်တာနက်စာမျက်နှာပေါ် တက်လာပြီးနောက်မှာ တရုတ်အင်တာနက် အသုံးပြုသူတွေကြားမှာ စောင့်ကြည့်သတိပြုမိစရာဖြစ်လာခဲ့တာလို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့က ဖော်ပြပါတယ်။
လီအမည်ရ အဲဒီအမျိုးသမီးဟာ ၉ နှစ်အရွယ်ကလေးငယ်ရဲ့အဒေါ်ဖြစ်ပြီး မွေးစား မိခင်လည်းဖြစ်ကာ ကလေးငယ်က လိမ်ပြောပြီး အိမ်စာမပြီးတဲ့အတွက် ခုန်တဲ့ကြိုးနဲ့ ရိုက်ခဲ့တာလို့ ဆင်ဟွာသတင်းဌာနကို ၀န်ခံပြောဆိုပါတယ်။
လီဟာ ကလေးငယ်ကို မြို့တော်ရဲ့ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ရရှိစေဖို့ ခေါ်လာခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ကလေးငယ်ဟာ ဒီအမှုကြောင့် ကျောင်းထွက်ကာ အာဟွီခရိုင်ထဲက သူ့မိဘတွေရဲ့ဆွေမျိုးတွေဆီပြန်သွားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့က တရားရုံးစစ်ဆေးချက် ရုပ်သံဗွီဒီယိုမှာတော့ ကလေးငယ်က လီနဲ့အတူ အိမ်ပြန်လာရတာကိုနှစ်သက်ပြီး မြို့arမှာနေပြီး ကျောင်းပြန်တက်ဖို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
လီကတော့ “ကျမက ဆိုးဝါးတဲ့မိခင်တယောက်မဟုတ်ပါဘူး။ ကျမသူ့ကို လိမ်ညာတတ်တဲ့ ကလေးတယောက်မဖြစ်စေချင်ပါဘူး။ ကျမမရှိဘဲ သူ့ဘ၀လုံခြုံစိတ်ချမှု မရှိနိုင်ပါဘူး” လို့ နောက်ဆုံးစစ်ဆေးချက်မှာ ပြောလိုက်ပါတယ်။
လီအနေနဲ့ သူ့သားကို ဘယ်လောက်ချစ်ပြီး ဂရုစိုက်တယ်ဆိုတာတွေကို ပြောဆို ခဲ့ပေမယ့် အစိုးရှေ့နေတွေကတော့ ကလေးငယ်ကို ထိခိုက်ဒဏ်ရာရရှိအောင်လုပ်ခဲ့တဲ့ သူ့အပြုအမူအတွက် တာဝန်ရှိတယ်ဆိုပြီး ပယ်ချခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ တရုတ်အင်တာနက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး ကလေးငယ်တွေအပေါ် ကရုဏာတရားနဲ့ ဆက်ဆံစေဖို့ ဖြစ်လာတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
DVB
DVB
No comments