gmail အကောင့် ဖွင့်နည်း နှင့် lock ကျသူများ အတွက် အခန်း(၂)

မိမိတို့ရဲ့ GSM / CDMA ဖုန်းများရဲ့ နံပါတ်ကို Phone Number ဆိုတဲ့ နေရာမှာ ရိုက်ထည့်ရမှာပါ။မရိုက်ထည့်ခင် တစ်ခု သတိထားရမှာက Voice Call ဆိုတဲ့နေရာလေးမှာ Mark(အမှတ်) လေးအရင်ဦးဆုံးပေးလိုက်ပါ။ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းအများစုက ``09´´ နဲ့စတယ်ဆိုတာတော့ သူငယ်ချင်းတွေ အားလုံးသိကြမှာပါ။ဥပမာ - 09 1234567 ဆိုကျပါတော့ အရှေ့ဆုံးက ``0´´ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ``+´´ ဆိုပြီးပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် သူများဖုန်းနံပါတ်ကို ယူသုံးထားတဲ့ အတွက် ဖုန်းနံပါတ်များ တူညီမှုများရှိနေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။နောက်ကတော့ မိမိရဲ့ ဖုန်း
နံပါတ် အပြည့်အစုံကို ရေးပေးရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ ``Call my phone with verification code´´ ကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းဆက်လက်တွေ့ ရှိမှာ ဖြစ်ပါတယ်ဗျာ။ ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံပြီး လေ့လာရကျိုး ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။သတင်းစာတွေ ထဲမှာလို့ Gmail Account သစ်တစ်ခုကို ပိုက်ဆံပေးပြီး ၀ယ်ယူစရာမလိုပဲ မိမိဘာသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော် Post လေးကို လွတ်လပ်စွာ ကူးယူ ဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့ တော့ တောင်းဆိုပါရစေလားဗျာ။ အိုင်တီဘဏ်မှ ကူးယူဖော်ပြသည်။
သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။ အကြင်နာနန်းတော်မှ ကူးယူဖော်ပြပါသည် သူငယ်ချင်းအများဖတ်ရန်အတွက်ပုံ/ဇေယျာသူရ
အောင်အောင်(မကစ) အားကျေးဇူးတင်ပါတယ်

Powered by Blogger.