gmail အကောင့် ဖွင့်နည်း နှင့် lock ကျသူများ အတွက် အခန်း(၁)

မြန်မာနိုင်ငံက အကြင်နာရဲ့  သူငယ်ချင်းတွေအတွက် အသုံးဝင်မယ်ထင်တာနဲ့  အောင်အောင်(မကစ) မှ ပြန်လည်မျှဝေလိုက်တာပါ အထူးသဖြင့် ဖေ့ဘုတ်ကနေ လေ့လာလို့  ရအောင် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် အကြင်နာက အိုင်တီသမား တစ်ယောက်မဟုတ်ပါ ဖေ့ဘုတ်နော့ လေ့လာလို့ ရအောင်တင်ပေးလိုက်တာပဲ ဖြစ်ပါတယ်

ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account အသစ်တွေ ဖွင့်လို့ မရဘူးဆိုလို့ နည်းလမ်းလေးတွေ ကို ကျွန်တော် အချိန်နဲ့ အမျှကြိုးစားပြီး လိုက်ရှာကြည့်ပါတယ်။လေ့လာတဲ့ အတိုင်းလေးလဲ တွေ့ဖြစ်အောင်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ဘာဖြစ်လို့လဲ
ဆိုတော့ ကျွန်တော်လဲ တစ်ခါတုန်းက သူငယ်ချင်းတွေလိုပဲ အခက်အခဲတွေ များစွာနဲ့ ကြုံတွေ ခဲ့ရပါတယ်။အဲ့ဒါ ကြောင့် ကိုယ်ချင်းလဲ စာမိပါတယ်ဗျာ။ကျွန်တော့ တုန်းကဆို ကျွန်တော်သုံးနေတဲ့ Account လေးက Lockကျသွားတာဘယ်လိုမှ လုပ်လို့ မရပါဘူး။အဲ့တော့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။သူငယ်ချင်းကလဲ ကျွန်တော့ ကိုကူညီပေးရှာပါတယ်။အဲ့ဒီ အတွက်လဲ ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေဗျာ။။ပြီးတော့ Gmail Account Lock ကျသွားလို့ ဘယ်လိုမှ ပြန်လုပ်လို့ မရတဲ့ သူတွေ အတွက်ကော ကျွန်တော်ရှာထားတဲ့ ဒီနည်းလေးက အရမ်းအဆင်ပြေပါတယ်ဗျာ။အသုံးတည့်ကြလိမ့်မယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွ အဆင့်ဆင့် ပြပေးထားပါတယ်ဗျာ။ကျွန်တော်တို့Gmail Account ဖွင့်ပြီးသွားရင် နောက်ဆုံးမှာ ဖုန်းနံပါတ်နဲ့ Verify Code ကို တောင်းတောင်းနေကြလို့ သူငယ်ချင်းတွေ အားလုံးစိတ်ညစ်နေကြတယ် မဟုတ်လား။ပြီးတော့ အဲ့ဒီ ဖုန်းက နိုင်ငံခြားက ဖုန်းနံပါတ်ထည့်ပြီး သုံးမှ အဆင်ပြေကြတယ်လို့ ထင်ကြမှာပါ။အဲ့ဆို မှားသွားပါလိမ့်မယ်။ပြီးတော့ ကိုယ့်နိုင်ငံကို အထင်သေးရာ ကျသွားမှာပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းနံပါတ်လဲ အသုံးပြုလို့ရပါတယ်။မသုံးတက်လို့ မလေ့လာလို့သာ မသိပဲ ကိုယ့်နိုင်ငံက အသုံးမကျဘူးလို့ ထင်မိကျမှာပါဗျာ။ကျွန်တော် ကတော့ ပေရှည်နေမိပြီဗျာ။စိတ်မဆိုးပါနဲ့နော်.။ကျွန်တော်က သူငယ်ချင်းတွေ နားလည်အာင် ရှင်းပြပေးတဲ့ အနေနဲ့ပါ။ကဲ....စကြတာပေါ့ဗျာ။ကျွန်တော်တို့ Gmail Account သစ်ဖွင့်ပြီး နောက်ဆုံး အဆင့်ရောက်ရင် အောက်ကပုံလေး အတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီလို ပုံလေးက Gmail Account Lock ကျလို့ ဘယ်လိုမှ လုပ်လို့မရတော့အခါဆိုရင်လဲ မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားက ဖုန်းနံပါတ်ကို ထည့်ပေးရမယ်လို့ ကျွန်တော်တို့တွေက ထင်နေကြပါလိမ့်မယ်။အဲ့လိုလဲ အဆင်ပြေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းက လူတွေဆိုရင်လဲ အထူးအဆင်ပြေပါတယ်။လုပ်နည်းလေးကတော့ လွယ်ပါတယ်ဗျာ။မိမိတို့ရဲ့ GSM / CDMA ဖုန်းများရဲ့ နံပါတ်ကို Phone Number ဆိုတဲ့ နေရာမှာ ရိုက်ထည့်ရမှာပါ။မရိုက်ထည့်ခင် တစ်ခု သတိထားရမှာက Voice Call ဆိုတဲ့နေရာလေးမှာ Mark(အမှတ်) လေးအရင်ဦးဆုံးပေးလိုက်ပါ။ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းအများစုက ``09´´ နဲ့စတယ်ဆိုတာတော့ သူငယ်ချင်းတွေ အားလုံးသိကြမှာပါ။ဥပမာ - 09 1234567 ဆိုကျပါတော့ အရှေ့ဆုံးက ``0´´ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ``+´´ ဆိုပြီးပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် သူများဖုန်းနံပါတ်ကို ယူသုံးထားတဲ့ အတွက် ဖုန်းနံပါတ်များ တူညီမှုများရှိနေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။နောက်ကတော့ မိမိရဲ့ ဖုန်းနံပါတ် အပြည့်အစုံကို ရေးပေးရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ ``Call my phone with verification code´´ ကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းဆက်လက်တွေ့ ရှိမှာ ဖြစ်ပါတယ်ဗျာ။
Powered by Blogger.