တရုတ် နိုင်ငံသည် ဂျပန်နိုင်ငံနှင့် ကျွန်းပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိနေစဉ်
တိုကျို ဇွန် ၂၂
တရုတ် နိုင်ငံသည် ဂျပန်နိုင်ငံနှင့် ကျွန်းပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိနေစဉ်
အရှေ့ တရုတ်ပင်လယ် အတွင်းရှိ အဆိုပါ
ကျွန်းစုအနီးသို့ စောင့်ကြည့် လေ့လာရေး သင်္ဘောသုံးစင်း စေလွှတ်ခဲ့ကြောင်း
ဂျပန်နိုင်ငံက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ စောင့်ကြည့် လေ့လာရေး
သင်္ဘော သုံးစင်းသည် ဆင်ကာကူ ကျွန်းစုရှိ အူဆိုရီဂျီမာ ကျွန်း၏ အပြင်ဘက်
ရေမိုင် ၁၂ မိုင် အကွာတွင် ဒေသစံ တော်ချိန် နံနက် ၉ နာရီ ၃ဝ မိနစ်က
ရောက်ရှိနေကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့သည်။ ဂျပန်နှင့်
တရုတ်နိုင်ငံ တို့သည် အဆိုပါ ကျွန်းစု ပိုင်ဆိုင်မှုနှင့် ပတ်သက်၍
အငြင်းပွား နေသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး အိုကီနာဝါ စီရင်စုတွင် ပါဝင်သည့်
အဆိုပါ ကျွန်းအား ဂျပန်နိုင်ငံက ထိန်းချုပ် ထားကြောင်း သိရသည်။ ၂ဝ၁၂
ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဂျပန် နိုင်ငံသား တစ်ဦး ပိုင်ဆိုင်သော အဆိုပါ
ကျွန်းအား ဂျပန် နိုင်ငံအစိုးရက ဝယ်ယူရန် သဘောတူ စာချုပ်ချုပ်ဆို
ခဲ့ပြီးနောက် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ အကြား တင်းမာမှုများ
မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ http://www.myawady.com.mm ကူးယူပါသည်