ကမ္ဘောဒီးယား ဂေဟခရီးသွား လုပ်ငန်းအဖွဲ့ ဧရာဝတီကို လေ့လာ


ဧရာဝတီ မြစ်ကြီး (အပေါ်ပုံ) ကို ဂေဟ ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ကမ္ဘောဒီးယား ဂေဟ ခရီးသွား လုပ်ငန်းအဖွဲ့ တစ်ဖွဲ့က လာရောက် လေ့လာမှု ပြုလုပ်ပြီး ဂေဟခရီးသွား လု
ပ်ငန်းတွင် မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရေသယံဇာတ ထိန်းသိမ်းရေး ပညာရှင်  ဦးမြသန်းထွန်းက ယမန်နေ့က ပြောကြားခဲ့သည်။
''ကမ္ဘောဒီးယားဟာ ဂေဟ ခရီးသွားလုပ်ငန်းနဲ့ ဆုရခဲ့ ပါတယ်။ ဒါကြောင့် မြန်မာ့ ဧရာဝတီ မြစ်ထဲက လင်းပိုင် ကဲ့သို့သော ကမ္ဘာ့ ရှားပါးသတ္တဝါများကို ပြပြီး ခရီးသွား လုပ်ငန်းလုပ်ဖို့ လာရောက် လေ့လာကြတာပါ'' ဟု ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။
ECO Tourism ခေါ် ဂေဟ ခရီးသွားလုပ်ငန်း အနေဖြင့် ဧရာဝတီရေနေ ရှားပါးသတ္တဝါ များဖြင့် အောင်မြင်ပါ ကအဆိုပါ ရှားပါးသတ္တဝါများ နေထိုင်သော ဒေသများမှ ဒေသခံများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း သစ်များ ရရှိမည်ဖြစ် ၍ နိုင်ငံတကာ ခရီးသွားများကို ဒေသထွက် ကုန်ပစ္စည်းများနှင့် ဒေသထွက် အစားအစာ များရောင်းချ၍ တစ်ဖက်တစ် လမ်းမှ ဝင်ငွေ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ယင်း ဂေဟ ခရီးသွားလုပ်ငန်း အောင်မြင်ရန်နှင့် ရေနေသတ္တဝါများကို ကာကွယ်ရန် WCS အဖွဲ့က လည်း ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ချင်ပြီး ပြည်တွင်း အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါ ဒေသများရှိ ဒေသခံများမှာ ဝါးဦးထုပ် တစ်မျိုးတည်းကို ရက်လုပ်တတ်ရာ ထိုဒေသများတွင် လက်မှုပညာ၌ အခြားသော အတတ်ပညာများ တတ်မြောက် လာစေရန် စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဂေဟ ခရီးသွား နေရာပေါင်း ၃၉ ခုအနက် ယခုအချိန်တွင် ရှိပြီးဖြစ်သော ဧရာဝတီမြစ်တွင်း ရေနေ သတ္တဝါ ကြည့်ရန် နေရာနှင့် မုတ္တမကွေ့ ရေတိမ်ဒေသများ မပါဝင်သေးကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း နိုင်ငံများနှင့် အီးဗီဇာ စနစ်ကို လာမည့် ခရီးသွား ရာသီတွင် စတင် ကျင့်သုံး မည် ဖြစ်သောကြောင့် ခရီးသွားဦးရေ တိုးတက်လာမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာမှုနှင့် လေ့လာစရာ များပြားမှုကြောင့် နိုင်ငံတကာ ခရီးသွား လုပ်ငန်းမှာ ဖွံ့ဖြိုးလာပြီး ယခုနှစ်တွင် ခရီးသွား တစ်သန်းကျော် ဝင်ရောက် လာခဲ့သည်။ ထို့ကြောင့် ယခုနှစ်၌ ရာခိုင်နှုန်း ၄ဝ ကျော် တိုးတက်လာ မည် ဖြစ်ကြောင်း သိရသည်။http://www.myawady.com.mm ကူးယူတင်ပြပါသည်
Powered by Blogger.