ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာတွင် စစ်တပ်မှ ပစ်ခတ်သဖြင့် ရခိုင်အမျိုးသား ၂ ယောက် သေဆုံး



စစ်တပ်မှ ပစ်ခတ်သဖြင့် ဒဏ်ရာရ ရခိုင်အမျိုးသားတိ (လေးဝတီ) မင်းရာဇာ။          ။ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာမှာ  ဒေနိ့ မိုးထက်ပိုင်း ၇ နာရီ အချိန်လောက်တွင် ဘင်္ဂလီနှန့် ရခိုင်ရို့အကြား တင်းမာနိန်ကတ်ပြီး အပြန်အလှန် မီးတိုက်ဖို့ ပြင်ဆင်နိန်စိုင် စစ်တပ်မှ သေနတ်ပစ်ခတ်မူကြောင့် ရခိုင်အမျိုးသားနှစ်ယောက် သီဆုံးလားကြောင်း သတင်းရရှိပါသည်။
ခမရ ၅၃၆ ရသေ့တောင်တပ်ရင်းမှ ဗိုလ်ကြီးဝင်းနိုင်စိုးက အမိန့်ပီး ပစ်ခတ်မှုကြောင့် ရခိုင်အမျိုးသားနှစ်ယောက် သီဆုံးလားပြီး ၅ ယောက် ဒဏ်ရာ ရလားရေလို့ သိရပါသည်။
ယင်း ဒဏ်ရာရသူတိကို ဒေနိ့ မိုးထက်ဖက် ၉ နာရီကပင် စစ်တွေဆေးရုံကို ယူဆောင်လာပြီးကေ အဂု ဆီးဝါးကုသလျှက်ရှိကြေင်း သိရပါသည်။
စစ်တပ်မှ ပစ်ခတ်သဖြင့် ဒဏ်ရာရ ရခိုင်အမျိုးသားတိ “ဖြစ်တာစော်က ညက စစ်တပ်က ခေါ်ရေ၊ ယင်းကို စစ်တပ်က ခေါ်ခါ မဇဲကမ်း ၂၄ ရွာက လူတိ အားလုံးလားပါရေ ယင်းကို လားခါ ကုလားဗလီမှာ စစ်တပ်က  ရွာအဝင်ဝက ပစ်ပါရေ။ ပြီးကေ လူတိကိုလည်း စစ်တပ်က “လာခဲ့လို့” ခေါ်ပါရေ။ ရွာအလည် ရောက်စော်နန့် စစ်သားတိက ကုလားတိကို ကုလားဗလီထဲသွင်းထားပါရေ၊ သွင်းရေအခါ ရွာအပြင်မှာ ရှိနိန်ရေ ရခိုင်တိကို လှမ်းပစ်ပါရေ။ နှစ်ယောက်သီပါရေ၊ ဒဏ်ရာရရေလူက ၅ယောက် ကျော် ပါရေ” လို့ ရသေ့တောင်မြို့နယ် ကပ်ချောင်းရွာသားတစ်ယောက်က ရှင်းပြပါသည်။
စစ်တပ်က လူအုပ်ထဲကို တည့်တည့်ချိန်ပြီးကေ ဖြိုပစ်နိန်ရေအတွက် ရခိုင်အမျိုးသားတိ သီဆုံးသူတိနန့် ထိခိုက်ဒဏ်ရာရသူတိ အမြားအပြားဟိနိန်ကြောင်း သိရပါသည်။
ယင်းပစ်ခတ်မူဖြစ်တေ ဒေသတိအတွင်း ရခိုင်ရွာတိဖြစ်တေ ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန် ဇင်းမောင်ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာတိကလို့ ဆိုပါသည်။
ရခိုင်လူမျိုးတိနန့် ဘင်္ဂလီ မွတ်ဆလင် အဓိဂရုဏ်းမှာ မင်းပြားမြို့ကပင် မြောက်ဦးမြို့၊ မြေပုံမြို့နန့် ကျောက်ဖြူအပါအ၀င် နောက်ထပ် တမြို့ပြီးကေ တမြို့နယ် ကူးစက်လားပနာ အပြန်အလန် မီးတိုက်မူတိ ဆက်လက် ဖြစ်ပွားနိန်ကြောင်း သတင်းရရှိပါသည်။
စစ်တပ်မှ ပစ်ခတ်သဖြင့် ဒဏ်ရာရ ရခိုင်အမျိုးသားတိ






စစ်တပ်မှ ပစ်ခတ်သဖြင့် ဒဏ်ရာရ ရခိုင်အမျိုးသားတိ
Powered by Blogger.