ဝံလက်ဖောင်ဒေးရှင်းမှ ရခိုင်ဒုက္ခသည်တိအတွက် အရေးပေါ်ကူညီကယ်ဆည်ရေး ဆောင်ရွက်လျှက်ရှိ

အရေးပေါ်ကူညီကယ်ဆည်ရေး ဆောင်ရွက်လျှက်ရှိ(လေးဝတီ) ပန်းဇာဖြူ။          ။ရခိုင်ပြည်တွင် လက်ရှိဖြစ်နေသော အရေးအခင်းတွင် ဒုက္ခရောက်နိန်ဂတ်တေ ရခိုင်ပြည်သူတိအတွက် အရေးပေါ်ကူညီကယ်ဆည်ရေး ဆောင်ရွက်ဖို့ ၀ံလက်ဖောင်ဒေးရှင်းမှ စစ်တွေမြို့အတွင်း အလှူငွေတိ ကောက်ခံနိန်ရကြောင်း လေးဝတီက သိရှိရပါသည်။
ရရှိလာရေ အလှူငွေတိ၊ အသုံးအဆောင်ပစ္စည်းတိ၊ စားသောက်ကုန်တိကို လတ်တလော လိုအပ်နိန်ရေ နီရာတိမှာ အရေးပေါ် ကူးညီပီးလားဖို့လို့ သိရပါသည်။
လက်ဟိအသီအပျောက်စာရင်းတိနန့် ဒုက္ခသည်တိကို ကူညီစောင့်ရှောက်ရေးအတွက် အရေးပေါ်လိုအပ်တိနန့် ပတ်သက်လို့ ၀ံလက်ဖောင်ဒေးရှင်းက တာဝန်ဟိသူတစ်ယောက် ဖြိုက်တေ ဦးသိန်းထွန်းအေးက အဂုပိုင် လေးဝတီကို ပြောပြလားပါသည်။
“အဂုဖြစ်လားရေအရေးအခင်းမှာ လူ ၁၀ ကျော်လောက်သီပနာ ဒဏ်ရာရစော်က စစ်တွေဆေးရုံကြီးမှာ သတ်သတ် အယောက် ၂၀ ကျော်ပါဗျာလ် အသီအပျောက်စာရင်း အတိအကျကိုတော့ခါ မပြောနိုင်ပါသိမ့်။ လက်လှမ်းမမီရေနိန်ရာတိက ဒုက္ခသည်လူဦးရေ စာရင်းတိကို အတိအကျကောက်ဖို့မလွယ်ပါ။ မီးလောင်ရာမှာ ပါလားစော်က ကျောက်ဖြူမှာ များပါရေ။ အဂုက ကားလမ်း၊ ရီလမ်းတိကို ပိတ်ထားကာ လားလာရမလွယ်ပါ။ မင်းပြား၊မြောက်ဦးဖက်က ထွက်ဗြီးလာဂတ်တေ ဒုက္ခသည်တိလေ့ အများကြီးပါ” လို့ ပြောပါသည်။
ဝံလက်မှ အရေးပေါ်ကူညီကယ်ဆည်ရေး ဆောင်ရွက်လျှက်ရှိစစ်တွေမြို့ ပြည်သူဆေးရုံးမှာလည်း ဘင်္ဂလီအကြမ်းဖက်မှုကို ခုခံကာကွယ်ရင်း ဒဏ်ရာ အပြင်အထန်းရရှိပြီး ဆေးကုသခံယူနိန်ရရေ ရခိုင်တိုင်းရင်းသား လူနာ (၁၁) ယောက်မှာ ဦးစိန်သာအောင်၊ မောင်မောင်နိုင်၊ မောင်ထွီးစိန်၊ ဦးအောင်ရွှေမြ၊ ညီဝင်း၊ မောင်စောဖြူ၊ ဦးသန်းထွန်း၊ မောင်စိုးညွှန်၊ အောင်မင်းခိုင်၊ ဦးမောင်သန်းရွှေ၊ အောင်လင်းရို့အပြင် အယောက် ၂၀ ကျော်လောက်ရှိကြောင်းကို ၀ံလက်ဖောင်ဒေးရှင်း စာရင်းအရ သိရပါသည်။
“အဂုလက်ဟိ ဒုက္ခသည်တိကို နိန်ရာချထားရေအပိုင်းတိကို မလုပ်ပီးနိုင်ပါသိမ့်။ အယင်ဇွန်လမှာ ဖြစ်ခရေ ဒုက္ခသည်တိကိုတော့ခါ စားဖို့သောက်ဖို့ ဆီးဝါးကုသရေးအပိုင်းတိကို လုပ်ပီးခပါရေ။ အရေးပေါ်လိုအပ်တိလောက်ကို ကူညီပီးနိုင်ခပါရေ။ အဂုလည်းသော့ ဒဏ်ရာရလို့ ဆီးရုံကို ရောက်လာရေလူတိ၊ မိသားစုတိ သီဆုံးလားခရေလူတိကို အထောက်အပံ့ပီးလားဖို့ ကျနော်ရို့ ၀ံလက်ဖောင်ဒေးရှင်းအနိန်နန့် အရေးပေါ်အကူအညီပီးလားဖို့ အစီအစိုင်ချပနာ လုပ်ဆောင်နိန်ဂတ်ပါရေ။ ယင်းလူတိအတွက် အိုးအိမ်တိ ပြန်လည် နိန်ရာချထားဖို့အတွက်တော့ခါ ကျနော်ရို့မှာလည်း အင်အားမဟိပါ။ ယေဒါလေ့သော့ သူရို့တိ နိန်ဖို့ထိုင်ဖို့ အဆင်ပြေအောင် ကူညီကယ်ဆည်ရေးတိကို လုပ်ဆောင်ပီးနိန်ပါရေ” လို့ သူက ဆက်ပြောပြပါသည်။
ဒုက္ခရောက်နိန်ဂတ်တေ ရခိုင်ပြည်သူတိလိုအပ်သည် အလှူငွေတိ၊ ပစ္စည်းတိပီးပို့ လှူဒါန်းချင်ပါက ဦးသိန်းထွန်းအေး – Ph- 0943154012 ၊ ကိုသိန်းဝင်း – 09450540401၊  ကိုထွန်းမြင့်သိန်း – 09450541792 ၊ ခိုင်ကောင်းစံ – 0949269284 ၊ အောင်ကျော်ဝင်း – 09421711588 ရို့ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း ကြေငြာထားပါသည်။
လက်ဟိ အရေးအခင်းမှာ သီဆုံးသူတိကို သင်ဂြိုလ်ဖို့နန့် ဒဏ်ရာရသူတိကို ဆီးကုသဖို့၊ ထွက်ပြီးလာကတ်တေ ဒုက္ခသည်များအား ကျွေးမွေးစောင့်ရှောက်ဖို့၊ နောက်ထပ် မသီဆုံးဘဲ မီးတိုက်မခံရအောင် ဒေသခံကာကွယ်ရေးအဖွဲ့တိစေလွှတ်နိုင်ဖို့ လမ်းစရိတ်၊ စားစရိတ်တိအပြင် တခြားလိုအပ်ချတိအတွက် အလှူငွေတိ တည်ငြိမ်နိန်ရေ ဒေသတိကောက်ခံပနာ နောက်ထပ်အလှူငွေတိကို ပီးပို့ဂတ်ဖို့ တိုက်တွန်း နှိုးဆော်ထားပါသည်။
ရခိုင်လူမှုကွန်ယက်တောင်ကုတ်မှဦးဆောင်ပနာ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ မြောက်ဦးမြို့တိက ဆုံးရှံးနစ်နာလားရေ ရခိုင်သွီးချင်းမိသားစုတိအတွက် အထောက်အပံ့တိ ရရှိစီဖို့ အလှုငွေ ကောက်ခံလားဖို့ အစီအစိုင်ကို တောင်ကုတ်မြို့မှာလည်း စတင်ဆောင်ရွက်နိန်ကြောင်း သိရပါသည်။
ပါဝင်လှုဒါန်းလိုသူတိအနိန်ဖြင့် ဖုံးနံပါတ် – ၀၉၄၂၁၇၂၄၃၈၀/ ၀၉၄၂၁၇၂၄၅၅၆/ ၀၉၈၅၃၀၁၁၈ ရို့ကို ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း နှိုးဆော်ထားပါသည်။
ဇွန်းလ ၈ ရက်နိ့ ကပင် စတင်ဖြစ်ပွားခရေ ပဋိပက္ခအတွင်း သီဆုံးသူ ၅၀ ယောက် ဒဏ်ရာရသူ ၅၄ ယောက်ရှိခပြီးကေ လူနိန်အိမ် ၂၂၃၀ အိမ် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတိအပါအ၀င် ဘာသာရေး အဆောက်အဦး ၁၄ ကျောင်း မီးတိုက်ခံရပနာ ဒေသခံ ပြည်သူ ၆၁၄၆၂ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခရေလို့ အစိုးရက ကြေငြာခပါသည်။
အဂု လက်ဟိ ရခိုင်ပြည် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူမြို့တိမှာ တဖက်နန့် တဖက် အပြန်အလှန် မီးတိုက်မူတိကြောင့် အောက်တိုဘာလ ၂၁ ရက်နိ့က စတင်ဖြစ်ပွားခပနာ အဂုအချိန်ထိ သီးဆုံးသူ ၁၂ ယောက် ဒဏ်ရာရသူ ၅၀ နန့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအပါအ၀င် ဘာသာရေးအဆောက်အဦး ၈ ခု မီးလောင်ပျက်စီးပနာ လူအများအပြား အိုးမဲ့အိမ်မဲ့ဘ၀ကို ကျရောက်နိန်ဂတ်ရကြောင်း အစိုးရထုတ်ပြန်ထားကေ့လေ့ ယင်းထက် များပြားကြောင်း ဒေသခံသတင်းတိအရ သိရပါသည်။
Powered by Blogger.